ချင်းပြည်တွင် အခြေခံကျောင်းများဖွင့်လှစ်

ချင်းပြည်တွင် အခြေခံကျောင်းများဖွင့်လှစ်

မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ (၁) ရက်နေ့ကစ၍ စစ်အစိုးရက အခြေခံပ ညာကျောင်းများ ဖွင့်လှစ်ခဲ့ပြီး ချင်းပြည် နယ်တွင်လည်း အခြေခံကျောင်းများစတင်ဖွင့်လှစ်ကာ ကျောင်းအပ်နှံ့သည့်ကျောင်းသူ၊ ကျောင်းသား ဦးရေ ၂၃၀၀၀ ကျော် ရှိသည်ဟု ချင်းပြည်နယ် ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ချင်းပြည်နယ်တွင် အခြေခံပညာရေးကျောင်းများကို ဟားခါး၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင်ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။ 

တီးတိန်မြို့ ဒေသခံတစ်ဦးက “ကျောင်းတွေ ပြန်ဖွင့်တာက သတင်းကောင်းပါပဲ။ အစိုးရကို ကြိုက်တာ မကြိုက်တာထက် အဓိက ကလေးတွေ ပုံမှန်ကျောင်းတက်နိုင်ဖို့က တကယ် လိုအပ်တာပါ။ (၅) နှစ် လောက် ကျောင်းမတက်ရဘဲ နောက် ထပ် (၅) နှစ်လောက်ပါ ထပ်ပြီး ကျောင်းမတက်ရတော့ဘူးဆိုရင် (၁) တန်းကနေ (၁၀) တန်းအထိ ကျောင်းတက်ရမယ့် အချိန်တွေ ဆုံးရှုံးသွားမယ်" ဟု ပြောသည်။

တီးတိန်မြို့နယ်တွင် ဇွန်လ (၂) ရက်နေ့အထိ KG မှ Grade-12 အထိ ကျောင်း သား၊ ကျောင်းသူ(၁၀,၄၅၇) ဦး နှင့် တွန်းဇံ မြို့နယ်တွင် (၁,၇၀၆) ဦး၊ တီးတိန်ခရိုင်အတွင်း စုစုပေါင်း (၁၂,၁၆၃) ဦး ကျောင်းအပ်နှံကာ ပညာသင်ကြားလျက်ရှိ သည်ဟု  တီးတိန်ခရိုင်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ဟားခါးမြို့တွင်လည်း ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ စတင်ဖွင့် လှစ်နေပြီဖြစ်ဟုသိရသော်လည်း လက်ရှိတွင် ကျောင်းသူ/ ကျောင်းသား ဦးရေစာရင်း အတိအကျမသိရသေးသည့်အပြင် စစ်တပ်ကပြန်လည်ထိန်းချုပ်ထားသည့်  ဖလမ်းမြို့ ပေါ်တွင်လည်း အခြေခံပညာရေးကျောင်းများ  စတင်ဖွင့်လှစ်နေကာ ပညာသင်ကြားမှုများလည်း စတင်နေကြောင်းသိရသည်။

လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တို့တွင် ကျောင်းများပြန်လည်ဖွင့်လှစ် နိုင်ခြင်းမရှိ သော်လည်း စစ်ဘေးရှောင်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများသည် ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့ ပေါ်တို့ တွင် ကျောင်းအပ်နှံမှုများလာသောကြောင့် ယခင်နှစ်ထက် ချင်းပြည်နယ်တွင် ကျောင်းအပ်နှံသူ ဦးရေ ပိုပိုတိုးများ လာကြောင်း သိရသည်။

ချင်းပြည်နယ်တွင်   ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်အထိ ကျောင်းသူ ၊ ကျောင်းသား ဦးရေ စုစုပေါင်း ၂၃,၀၁၀ ဦး အထိ ကျောင်းအပ်နှံခဲ့ခြင်းဖြစ်သည်ဟု သိရပြီး တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ကျောင်းအပ်နှံသည့် ကျောင်းသား/သူဦးရေမှာ ၅ ဒသမ ၈ သန်းနီးပါးရှိကာ ယခင် နှစ်ထက် ကျောင်းအပ်နှံသော ကျောင်းသူ ကျောင်းသား ဦးရေမှာ  ၃၂၇,၄၀၉ ဦး ပိုများလာကြောင်း ပညာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...
August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...
August 5, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ...
(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။
August 4, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်း အနီး ဗိုလ်ချုပ်လမ်းပေါ်တွင်...