အာဇာနည်နေ့အခမ်းအနားသို့ မြန်မာအမျိူးသားဝတ်စုံဝတ်ပြီး တက်ရောက်ရန် ဖိတ်ကြားမှု ချင်းပါတီကန့်ကွက်

အာဇာနည်နေ့အခမ်းအနားသို့ မြန်မာအမျိူးသားဝတ်စုံဝတ်ပြီး တက်ရောက်ရန် ဖိတ်ကြားမှု ချင်းပါတီကန့်ကွက်

လာမည့်ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ မြန်မာအမျိူးသားဝတ်စုံ(တိုက်ပုံအနက်၊ ခေါင်းပေါင်း) ဝတ်ဆင်ပြီး တက်ရောက်ရန် ဖိတ်ကြားမှုအပေါ် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီက ကန့်ကွက်လိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည့် အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရအဖွဲ့တို့မှ ပြီးခဲ့သည့်အပတ်က ဖိတ်စာဖြင့် ဖိတ်ကြားခဲ့သော်လည်း ယင်းဖိတ်စာထဲတွင် တက်ရောက်မည့်ပုဂ္ဂိုလ်များအနေဖြင့် မြန်မာအမျိူးသားဝတ်စုံ ဝတ်ဆင်ရမည်ဟု ပါရှိသည်ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

“ဒီနိုင်ငံဟာ လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းတဲ့နိုင်ငံဖြစ်တယ်၊ရိုးရာယဉ်ကျေးမှုဝတ်စုံ အမျိုမျိုးရှိကြတယ်။ နိုင်ငံတော်အဆင့် အခမ်းအနားမှာ လူမျိုးတစ်မျိုးရဲ့ ဝတ်စုံကိုပဲ ဝတ်ရမည်ဆိုတာကိုတော့ လုံး၀ကန့်ကွတ်ပါတယ်။ ဒါဟာ Burmanization ခေါ် ဗမာလူမျိုးနဲ့ ယဉ်ကျေးမှုသွတ်သွင်းခြင်းလို့ ယူဆပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

အာဇာနည်နေ့အခမ်းအနား ဖိတ်ကြားလွှာထဲတွင် ဝတ်ဆင်ရမည့်ဝတ်စုံဟုဆိုကာ အမျိူးသားများအနေဖြင့် မြန်မာအမျိူးသားဝတ်စုံ၊ အမျိူးသမီးများအနေဖြင့် မြန်မာအမျိူးသမီးဝတ်စုံဟု ဖော်ပြထားပြီး တိုင်းရင်းသားလူမျိူးများအား အကျူံးဝင်ခြင်းရှိမရှိကိုမူ တိတိကျကျမသိရပေ။

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီအနေဖြင့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်မည် မတက်ရောက်မည်ကို ပါတီအတွင်း ပြန်လည်ညှိနှိုင်းရမည်ဖြစ်ပြီး အကယ်၍တက်ရောက်မည်ဆိုပါက ကိုယ့်ချင်းအမျိူးသားဝတ်စုံဝတ်ဆင်ကာ တက်ရောက်မည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကဆက်ပြောသည်။

“ကျွန်တော်ကတော့ လူမျိုးတစ်မျိုးရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ တိုက်ပုံ၊ ခေါင်းပေါင်းနဲ့ ပုဆိုးကို... မိမိသဘောနဲ့ ဝတ်ချင်လို့ပဲ ဝတ်မယ်။ ဝတ်ခိုင်းလို့ကတော့ ဘယ်တော့မှမဝတ်ဘူး။ နိုင်ငံတော်က အခြား လူမျိုးများရဲ့ ရိုးရာဝတ်စုံကို အသိအမှတ်မပြုဘူးလား၊ ဗမာ/မြန်မာလူမျိုးရဲ့ ဝတ်စုံကိုပဲ အသိအမှတ်ပြုတာလား၊ စဉ်းစားစရာဖြစ်လာတယ် ”ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

လွန်ခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့နယ်ရှိ ဝန်ကြီးများရုံးတွင် ဗိုလ်ချူပ်အောင်ဆန်းနှင့် သူ၏ ဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ်တွင် လက်နက်သမားတစ်စုကလုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလုပ်ကြံသတ်မှတ်ဖြတ်မှုတွင် ဗိုလ်ချူပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိူ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ သခင်မြ၊ ဦးရာဇတ်၊ စဝ်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ သေဆုံးခဲ့ကြသည်။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...