ချင်းဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန် လာမည့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်

ချင်းဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန် လာမည့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်

လားနွန် — ချင်းဝါရင့် နိုင်ငံရေးသမားတစ်ဦးလည်းဖြစ် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီ ဥက္ကဌ ပူးကျင့်ရှင်းထန်သည် လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။

“သူကအသက်လည်းကြီးနေပြီလေ အသက်က (၈၀) ကျော်ပြီ အသက်ရွယ်ကြောင့်ပါအဓိကတော့ သူကိုတိုင်ဝင်ပြီးတော့ အရွေးမခံချင်တော့လို့ပါ ” ဟု ZCD အတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။

အသက် (၈၂) နှစ်အရွယ်ရှိပြီဖြစ်သည့် ပူးကျင့်ရှင်းထန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံထားရသူဖြစ်သည်။

ပူးကျင့်ရှင်းထန်သည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း Zomi National Congress (ZNC) ပါတီအနေဖြင့် တီးတိန်မြို့နယ်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

သို့သော်လည်း ZNC ပါတီသည် ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရပြီး သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြန်လည်မှတ်ပုံတင်ရာတွင် ZNC အမည်နှင့်လက်မခံတော့သည့် အတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD အနေဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီအနေဖြင့် ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ (၆) နေရာအနိုင်ရခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီး (၁) နေရာ ရရှိခဲ့သည်။

ယခုလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ZCD ပါတီအနေဖြင့် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူး နှင့် ကလေးမြို့နယ်အပါအဝင် စုစုပေါင်း မဲဆန္ဒနယ်မြေ ၁၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ထံမှသိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...