ZCD Party အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၂ နေရာယှဉ်ပြိုင်မည်

ZCD Party အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၂ နေရာယှဉ်ပြိုင်မည်

Salai C Lian — ၂၀၂၀ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်  Zomi Congress for Democracyပါတီအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် အမတ် ၁၂ နေရာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ZCD အတွင်းရေးမှူး Gin Kham Lian ကပြောသည်။

ZCD အတွင်းရေးမှူး Gin Kham Lian က “ကျွန်တော်တို့ ချင်းပြည်နယ်မှာကတော့ ၉ နေရာပါဝင်ယှဉ်ပြိုင်မယ်၊ တီးတိန် အမျိုးသားလွတ်တော်က ၂ နေရာ နှင့် ပေါင်းပြီး ၅ နေရာပေါ့၊ ပြီးတော့ တွန်းဇံမှာ ၄ နေရာပါမယ်၊ ကလေးမှာက ၂ နေရာဖြစ်မယ်၊ တမူးမှာက ၁ နေရာဖြစ်မယ်၊ ဆိုတော့ အကုန်လုံးက ၁၂ နေရာဖြစ်သွားတာပေါ့၊ ချင်းမှာတော့ ၉ နေရာပါမယ်၊ စစ်ကိုင်းမှာ တိုင်းဒေသကြီးနှင့် ချင်းရေးရာဝန်ကြီးနေရာပါမယ်၊ တမူးကတော့ တိုင်းဒေသကြီးနေရာပေါ့” ဟု ပြောသည်။

ဆက်ပြီးသူက “ဘယ်သူတွေ ပါဝင်အရွေးခံမှာလဲ ဆိုတာတော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ ဒါတွေသေချာဖို့ ZCD ဗဟိုညီလာခံခေါ်မည်၊ ဇူလိုင်လကုန်တော့ ဘယ်သူတွေ ပါဝင်မယ်ဆိုတာ့တော့ တရားဝင်ကြေညာသွားမယ်၊ လက်ရှိမှာတော့ အမတ်နေရာ စာတင်တဲ့သူတွေ ရှိပြီးသား ဒီလကုန်ရင်တော့ သေချာမှာပါ” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် Zomi Congress for Democracy(ZCD) ပါတီအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အနေဖြင့် တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် ၆ နေရာအနိုင်ရခဲ့ပြီးချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီး ၁ နေရာ ရရှိခဲ့သည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...