ကျောက်ဖြူဓညဝတီရေတပ်စခန်းတွင် ဖမ်းဆီးခံထားရသော လူငယ် ၉ ဦးနှင့် မိသားစုဝင်များတွေ့ခွင့်မရ

ကျောက်ဖြူဓညဝတီရေတပ်စခန်းတွင် ဖမ်းဆီးခံထားရသော လူငယ် ၉ ဦးနှင့် မိသားစုဝင်များတွေ့ခွင့်မရ

ခိုင်မင်း — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်စခန်း၌ လူငယ် ၉ ဦးဖမ်းဆီးခံထားရသည်မှာ ၁၀ ရက်ခန့် ကြာသော်လည်း မိသားစုဝင်များ တွေ့ခွင့်မရရှိသဖြင့် စိုးရိမ်နေကြသည်။

အဆိုပါ လူငယ် ၉ ဦးသည် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာသားများဖြစ်ကြပြီး ဇွန် ၂၆ ရက်နေ့ ညနေ ပိုင်းအချိန်တွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားကာ ဓညဝတီရေတပ်စခန်းတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

“ကျမမောင်လေးဟာ ကွမ်းယာဆိုင်မှာ ကွမ်းစားနေကြတဲ့အချိန်မှာ တပ်ကဖမ်းသွားတာဖြစ်တယ်။ အခု သူတို့နဲ့ တွေ့ခွင့်မရတော့ စိုးရိမ်နေရတယ်။ အဝတ်အထည်နဲ့ အစားသောက်တွေတော့ ပေးလို့ရတယ်” ဟု ဖမ်းဆီးခံရသူ ၉ ဦးထဲမှ ကိုလှမောင်သန်း၏ အစ်မဖြစ်သူ ဒေါ်လှခင်ဦးက ပြောသည်။

၎င်းတို့ ၉ ဦးနှင့် မိသားစုဝင်များအား တွေ့ခွင့်ပေးစေလိုကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း မိသားစုဝင်များက တောင်းဆိုကြသည်။

အလားတူ ကပ်သပြေကျေးရွာသား ကိုမောင်ငယ်မှာလည်း ကွမ်းယာဆိုင်၌ ကွမ်းဝယ်စားနေအချိန် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ကြွက်မဖြူက ပြောသည်။

“ကျွန်မတို့ကလေးတွေ ဖမ်းသွားတဲ့အတွက် တွေ့ချင်လို့ သစ်ပုတ်တောင်ကို လိုက်သွားတော့ အဝတ်အထည်နဲ့ စားစရာတွေပဲ ပေးခဲ့ရတယ်။ အခု ကျမသားနဲ့တွေ့ချင်တယ်။ သေသွားပြီးလား ဘာဖြစ်နေလဲဆိုတာ အတိအကျ မသိရဘူး”ဟု ၎င်းကဆက်၍ ပြောသည်။

ထိုသို့ လူငယ် ၉ ဦးဖမ်းဆီးခံရပြီးနောက် ကျေးရွာနေသူအချို့မှာ ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ကျောက်ဖြူမြို့ပေါ်သို့ တိမ်းရှောင်နေမှုများရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ ကပ်သပြေကျေးရွာမှ ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက် ဆက်နွယ်သူ ၇ ဦးကို သင်္ကာဖွယ်အထောက်ထားများနှင့်အတူ ဖမ်းဆီးရမိခဲ့၍ ကျောက်ဖြူမြို့မရဲစခန်းတွင် တရားဥပဒေအရ အရေးယူနိုင်ရန် ဆောက်ရွက်လျက်ရှိကြောင်း ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...