တပ်မတော်က ပြန်လွှတ်ပေးမည်ဆိုသည့် ကျောက်တော်ဒေသခံ ၃ ဦး လွတ်မြောက်လာခြင်းမရှိသေး

တပ်မတော်က ပြန်လွှတ်ပေးမည်ဆိုသည့် ကျောက်တော်ဒေသခံ ၃ ဦး လွတ်မြောက်လာခြင်းမရှိသေး

နှင်းနွယ် — တပ်မတော်က ဖမ်းဆီးသွားသည့် ကျောက်တော်ဒေသခံ(၅)ဦးထဲမှ သုံးဦးအား ပြန်လွှတ်ပေးမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသော်လည်း ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းအထိ ပြန်လွှတ်လာခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဦးအောင်နိုင်စိုး၊ ဦးဆန်းဝင်းနိုင်နှင့် ဦးမြင့်ဇော်တို့ကို ပြန်လွှတ် ပေးမည်ဟု ဇွန်လ ၂၉ ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်ခဲ့သည်။

သို့သော် ယနေ့အထိ သတင်းအစအန တစ်စုံတရာမရရှိသေးကြောင်း ဖမ်းဆီးခံထားရသူ ဦးအောင်နိုင်စိုး၏ ညီဖြစ်သူ ကိုမင်းမင်းထွန်းက ပြောသည်။

“ပြန်လွတ်လာမယ့်နေ့ကို စောင့်နေတာ၊ အခုအချိန်ထိ ပြန်မရောက်လာသေးတော့ ဘာများဖြစ်နေလို့လဲ ဆိုပြီးတော့ စိုးရိမ်မိတယ်။ သူတို့(တပ်မတော်)လွှတ်ပေးဖို့ပြောထားတဲ့ ကျနော့်အကိုအပါအဝင် တခြား (၂)ယောက်ကိုပါ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းကဆိုသည်။

အပေါက်ဝဒေသခံ(၅)ဦးသည် ဇွန်လ ၂၇ ရက်နေ့က မိမိတို့ကျေးရွာမှ ပုဏ္ဏားကျွန်းမြို့သို့ မိသားစုနာရေး ကိစ္စကြောင့် ကားဖြင့်သွားစဉ် ကန်စောက်တောင်အနီးရှိ အမှတ်(၅၃၉)တပ်ရင်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းနောက် ဖမ်းဆီးခံရသူများထဲမှ ဦးဘိုကျော်သန်းအား ၎င်း၏လက်ကိုင်ဖုန်းထဲ၌ ဖောက်ခွဲရေးမိုင်းပြုလုပ် သည့်ဓာတ်ပုံများ၊ ကိုယ်တိုင်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများ၊ အပေါက်ဝကျေးရွာအနီး၌ ထောင်ထားသည့် မိုင်းနေရာပြ GPS မြေပုံညွှန်း Screenshot ဓာတ်ပုံများ၊ အသက်(၃၅)နှစ်အရွယ်လူတစ်ဦးအား လက်ထိပ်ခတ် ဖမ်းဆီးထားသည့်ပုံများတွေ့ရှိခဲ့၍ အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ယာဉ်မောင်းဖြစ်သူ ဦးထွန်းအေးမောင်အားလည်း လိုင်စင်မဲ့ယာဉ်လက်ဝယ်ထားရှိမှု၊ လိုင်စင်အတု ပြုလုပ်မှု ပို့ကုန်သွင်းကုန်အက်ဥပဒေအရလည်းကောင်း အမှုဖွင့်အရေးယူသွားမည်ဟုလည်း ထုတ်ပြန် ထားသည်။

အဆိုပါဒေသခံ (၃)ဦးအား တပ်မတော်မှ ပြန်လွှတ်ပေးခြင်းမရှိသေးသည့်ကိစ္စနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီ တို့အားDMGက ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ပုံစာ- အမှတ် (၅၃၉) ခြေမြန်တပ်ရင်း တစ်နေရာအား ကားလမ်းပေါ်မှ မြင်တွေ့ရပုံ။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...