ပထမဆုံးသော ကရင်ပူးတွဲအဘိဓာန်စာအုပ် လာမည့်သြဂုတ်လကုန်တွင် ထွက်ရှိမည်

ပထမဆုံးသော ကရင်ပူးတွဲအဘိဓာန်စာအုပ် လာမည့်သြဂုတ်လကုန်တွင် ထွက်ရှိမည်

စဖန်းရှောင်း — အင်္ဂလိပ်-မြန်မာ-စကော-အရှေ့ပိုး-အနောက်ပိုး ကရင်ဘာသာများပါဝင်မည့် ပထမဆုံးသော ကရင်ပူးတွဲ အဘိဓာန်စာအုပ်ပြုစုပြီးစီးပြီဖြစ်သဖြင့် လာမည့် ၂၀၂၀ ခုနှစ် သြဂုတ်လကုန်တွင် စတင်ထွက်ရှိနိုင်တော့ မည်ဖြစ်ကြောင်း အဘိဓာန်ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

ကရင်စာပေအဆင့်အတန်းတိုးတက်မြင့်မားလာရေးအပြင် အမျိုးမျိုးသော ကရင်ဘာသာစကား၊ စာပေများကို အပြန်အလှန်တတ်သိနားလည်စေရေးရည်ရွယ်ချက်များဖြင့် အဆိုပါ ကရင်ပူးတွဲအဘိဓာန်စာအုပ်ကို၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ၃ နှစ်နီးပါးအချိန်ယူပြုစုခဲ့ခြင်းဖြစ်သည်။

ကရင်ပူးတွဲအဘိဓာန်စာအုပ်ဖြစ်မြောက်ရေးဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် မန်းသန်းဝင်းဦးက “ အရင်က တော့ ဘာသာရေးအသင်းအဖွဲ့တွေကနေအသီးသီးကနေပြုစုတဲ့ စကောအဘိဓာန်၊ ပိုးကရင်အဘိဓာန်တွေ တော့ရှိခဲ့တယ်။ ဒါပေမယ့်ဒီလိုအားလုံးပါဝင်တဲ့ အဘိဓာန်တွေတော့မရှိခဲ့ဘူး။ စာအုပ်ကတော့ အခုကရင် အမျိုးသား သမိုင်းစာအုပ်ပြီးရင်တော့ လာမယ့် သြဂုတ်လကုန်လောက်မှာ ထွက်ဖို့ရှိပါတယ်”ဟုပြောသည်။

ထို့အပြင် စကားဝေါဟာရအလုံးပေါင်း ၃၇,၀၀၀ ကျော်ပါဝင်မည့် အဆိုပါပူးတွဲကရင်အဘိဓာန်စာအုပ် ထွက်ရှိခြင်းအားဖြင့် ကရင်စာပေဖွံ့ဖြိုးတိုးတက်ရေးများစွာ အထောက်အကူပြုမည်ဖြစ်ပြီး ကရင်စာ ပေလေ့လာသူများ၊ ဘာသာရေးအသင်းအဖွဲ့များအပြင် အမျိုးအမျိုးသောကရင်ဘာသာ စကားစာ ပေအသုံးအနှုန်းများကိုလည်း အပြန်အလှန် လေ့လာနိုင်မည်ဖြစ်ကြောင်းလည်း ပြုစုသူများက ပြောဆိုသည်။

ပူးတွဲအဘိဓာန်ပြုစုနိုင်ရေးအတွက် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ တနင်္သာရီတို့မှ ရေးရာဝန်ကြီးများ၊ ကရင် တိုင်းရင်းသားစာပေယဉ်ကျေးမှုကော်မတီများ၊ တစ်ဦးချင်းအလိုက်အလှူရှင်များ စသည့် ငွေကြေး ကူညီပံ့ပိုး မှုအကူညီများဖြင့် ငွေကျပ်သိန်း ၇၀၀ နီးပါး အကုန်ကျခံပြုစုခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများ၏ ပြောပြချက် များအရသိရသည်။

မကြာမီလပိုင်းတွင်ထွက်ရှိတော့မည့် အဆိုပါအဘိဓာန်စာအုပ် အကောင်အထည်ဖော်ဖြစ်မြောက်လာရေး အတွက် စကောနှင့် ပိုးကရင်နှစ်ခြင်းအသင်းများမှ ဘာသာစကားဆိုင်ရာကျွမ်းကျင်သူများ၊ တသီးပုဂ္ဂလ ပညာရှင်များ၊ နည်းပညာ ပညာရှင်များမှ အချိန် ၂ နှစ် ၆ လခန့်အချိန်ယူ ရေးဆွဲပြုစုခဲ့ခြင်းဖြစ်သည်ဟုလည်းသိရ သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...