ရသေ့တောင် ကြိမ်သာကျေးရွာမှ နေအိမ်အချို့မီးရှို့ခံရကြောင်း ရွာသားများပြော

ရသေ့တောင် ကြိမ်သာကျေးရွာမှ နေအိမ်အချို့မီးရှို့ခံရကြောင်း ရွာသားများပြော

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကြိမ်သာကျေးရွာတွင် ဇွန်လ ၂၆ ရက် နေ့လည် ၁၂ နာရီ ခန့်က နေအိမ်အချို့မီးလောင်လျက်ရှိကြောင်း ကျေးရွာသားများထံမှ သိရသည်။



ဇွန်လ ၂၄ ရက်နေ့က ကြိမ်သာကျေးရွာအနီးရှိ ပြားချောင်းကြီးတံတားနေရာတွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တွင် အင်အား ၁၀၀ ကျော်ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းမှ ကြိမ်သာကျေးရွာသို့ ဝင်ရောက်လာသဖြင့် ရွာသားများကြောက်လန့်ထွက်ပြေးလျက်ရှိနေသည်။



“သူတို့က(တပ်မတော်) တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ရွာမှာရောက်နေကြတာ။ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးပိုင်းတွေ ကိုလည်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာစုပြီးတော့ (AA)နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ဆေးနေတယ်။ အုပ်ချုပ်ရေးမှူးကို စစ်ဆေးဖို့ခေါ်တော့မလာဘူး ။ အုပ်ချုပ်ရေးမှူးမလာတော့ ရွာကိုမီးရှို့တာ”ဟု အမည်မဖော် လိုသည့် ကျေးရွာသားတစ်ဦးက စွပ်စွဲပြောဆိုသည်။



ကြိမ်သာကျေးရွာ၏ မြောက်ပိုင်းဘက်တွင်ရှိသော အုပ်ချုပ်ရေးမှူးနေအိမ်အနီးဝန်းကျင်ရှိ နေအိမ်နှစ်လုံးမှာ မီးရှို့ ခံခဲ့ရသည်ဟု ဒေသခံများကဆိုသည်။



“လောလောဆယ် ကျနော်တို့ လှမ်းမြင်နေရတာကတော့ အုပ်ချုပ်ရေးမှူးအိမ်အနီးလောက်က နေအိမ်နှစ်ဆောင် လောင်နေတယ်။ ဘာကြောင့်မီးလောင်တယ်ဆိုတာကို မသိပေမဲ့ ရွာထဲမှာတော့ တပ်မတော်စစ်ကြောင်းရှိတယ်” ဟု နောက်ထပ် အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။



ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီတို့အား DMG က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။



ထို့ပြင် ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ စစ်သည်များ၏ မှီခိုသားသမီး(၃)ဦးတို့သည် ဇွန်လ ၂၄ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်နှစ်စီးဖြင့် ကြိမ်သာကျေးရွာသို့သွားရာတွင် AA မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။



ရက္ခိုင့်တပ်တော်(AA)ကမူ မြန်မာ့တပ်မတော်မှ မောင်းသူမဲ့လေယာဉ်တစ်စင်းအား လာရောက်ရှာဖွေကြသည့် တပ်မတော်ခမရ(၅၃၆)မှ တပ်ဖွဲ့ဝင်များ၏ သား(၃)ဦးနှင့် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဖမ်းဆီးရမိ ထားကြောင်း ဇွန် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။



ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးတစ်ဝိုက်အား တပ်မတော်မှ နယ်မြေရှင်းလင်းမည်ဖြစ်သဖြင့် ဒေသခံများတိမ်းရှောင်နေကြရန် သတိပေးထားသည်။ ဇွန်လ ၂၆ ရက် နံနက်ပိုင်းအချိန်မှစတင်၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယင်းနေရာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေကြောင်းလည်း ဒေသခံ များထံမှ သိရသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...