ကရင်ပြည်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂ သိန်းနီးပါးတိုးလာ

ကရင်ပြည်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂ သိန်းနီးပါးတိုးလာ

စောမြတ်ဦးသာ — ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အနေဖြင့် ၂ဝ၁၅ ခုနှစ် ဆန္ဒမဲ ပေးခွင့်ရှိသူထက် လူဦးရေ  ၂ သိန်းနီးပါး တိုးလာသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ၂ဝ၁၉ ခုနှစ် ဇွန်လမှ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအထိ ဆန္ဒမဲပေးခွင့်ရှိသူ ၁၁ သိန်းနီးပါး စာရင်းကောက်ယူထားပြီး ၎င်းဆန္ဒမဲပေးခွင့်ရှိသူများထဲတွင် အစိုးရ တပ်မတော်သားများ၏ ဆန္ဒမဲထည့်ခွင့်စာရင်း ပါဝင်မှုမရှိ သေးကြောင်း ကေအိုင်စီမှ စုံစမ်းသိရှိရသည်။

“ ၂ဝ၁ဝ၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ရော၊ မဲထည့်ခွင့်ရော မရခဲ့ဘူး။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် အခြေခံမဲ စာရင်း ကောက်ခံထားတယ်ဆိုတော့ ကျနော်တို့နယ်က ကျေးရွာအုပ်စုတွေ ပါလာမယ်လို့တော့ မျှော်လင့်ရတယ်။ အစိုးရအုပ် ချုပ်ရေးမှူး မရှိတဲ့ ကျေးရွာအုပ်စု အများကြီးရှိတော့ ဒေသခံတွေ မဲထည့်ခွင့်ရဖို့ ကော်မရှင်နဲ့ တိုင်းရင်းသားအဖွဲ့တွေ ညှိနှိုင်း ဆောင်ရွက်ပေးစေလိုတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဒုဥက္ကဋ္ဌ စကျော်စွာက ဇွန်လ ၂၃ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။

ကရင်ပြည်နယ်တွင် ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် အခြားမြို့နယ်အချို့ရှိ ကျေးရွာများတွင်အစိုးရမှခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး မရှိသေးသည့်အတွက် ဒေသခံများ ဆန္ဒမဲထည့်ခွင့်ရဖို့ မသေချာသေးသည့်အပေါ် အစိုးရဌာနဆိုင်ရာများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ညှိနိူင်းဆောင်ရွက်မှုရှိသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အနေဖြင့် ဆန္ဒမဲပေးခွင့်ရှိ သူဦးရေ ၉ သိန်းကျော်ရှိပြီး ပါတီပေါင်း ၁၉ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၆ဝ ကျော် ဝင်းရောက်ယှဉ်ပြိုင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ မဲဆန္ဒနယ်အများစု အနိုင်ရရှိသည်ဟု ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းများအရ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...