ကရင်ပြည်နယ်၏ မွန်ဝန်ကြီး အနားယူမည် ဖြစ်ပြီး ပအိုဝ်းဝန်ကြီး ပြန်ရွေးကောက်ပွဲဝင်မည်

ကရင်ပြည်နယ်၏ မွန်ဝန်ကြီး အနားယူမည် ဖြစ်ပြီး ပအိုဝ်းဝန်ကြီး ပြန်ရွေးကောက်ပွဲဝင်မည်

စောရှား  — ကရင်ပြည်နယ်၏ လက်ရှိ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မင်းတင်ဝင်းမှာ လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးခွန် မျိုးတင့်က နဂိုနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ဝန်ကြီးမင်းတင်ဝင်းက “ကျနော်လျှောက်လွှာကို လုံးဝ မတင်ထားတော့ပါဘူးနော်။ ဘာလို့လဲဆို တော့ ကိုယ့်အသက်ကို ထောက်ပြီးတော့ပေါ့လေ။ အသက်က ၇၅ နှစ်ရှိပြီးဟာကိုး။ အခုတော့ ကျန်း မာရေး ကောင်းသေးတာပေါ့။ နောက် ၃ နှစ်ကြာလို့ရှိရင် အဖိုးကြီးအိုအို ခါးကုန်းကုန်းဖြစ်သွားရင် ဘယ် လို လုပ်မလဲ။” ဟု ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၏ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအား ကရင်ပြည်နယ်၊ ထုံးအိုင်ရွာဇာတိ နိုင်ထွန်းချစ်က NLD မှ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ရေပန်းစားနေ ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်၏ လက်ရှိ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ခွန်မျိုးတင့်က ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီထံတွင် လျှောက်လွှာ တင်ထားပြီဖြစ်ကြောင်း ယခုလို ပြောသည်။

ဝန်ကြီးခွန်မျိုးတင့်က “တင်ထားပြီးပါပြီ။ (ဆက်လက်ရွေးကောက်ခံခွင့် ရခဲ့ရင်) ပအိုဝ်း တစ်မျိုးသားလုံးအတွက် အစွမ်းကုန်ကြိုးစားပေးသွားပါမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံရသော ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် မွန်၊ ပအိုဝ်းနှင့် ဗမာစသည့် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ပါးစလုံးသည် NLD ပါတီဝင် များဖြစ်ကြသည်။

လက်ရှိတွင် မွန်နှင့်ပအိုဝ်း ဝန်ကြီး ၂ ပါးသာ ဆက်လက်တာဝန်ထမ်းဆောင်နေပြီး ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှထွေးမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ရာထူးမှ နုတ်ထွက်ခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...