ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ အော်ဟစ်ဆူပူမှုပြုလုပ်သူအား ထောင်ဒဏ် ၆ လ အမိန့်ချ

ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ အော်ဟစ်ဆူပူမှုပြုလုပ်သူအား ထောင်ဒဏ် ၆ လ အမိန့်ချ

နေနော် — ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီ-မဲဆောက် အမှတ် (၂) တံတားမှတဆင့် မြဝတီဘက်ခြမ်း BCF တွင် ဇွန် လ ၂၃ ရက်ဝင်ရောက်လာသည့် အမျိုးသားတစ်ဦးမှာ အရက်သေစာသောက်စားလာပြီး စစ်ဆေးမှုမခံယူဘဲ အော်ဟစ်ဆူပူနေခြင်းများပြုလုပ်သည့်အတွက် မြဝတီမြို့နယ်တရားရုံးက ထောင်ဒဏ် ၆လ ချမှတ်ခဲ့ကြောင်း သိရသည်။  

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် ယနေ့ မွန်းလွဲ ၁နာရီခွဲ အချိန် ခန့်က ဝင်ရောက်လာသူ ဖားအံမြို့ တောင်ကလေးကျေးရွာနေ စောခင်စိုးဝင်း ၃၇ နှစ်သည် အရက်သေစာသောက်စားလာပြီး စစ်ဆေးမှုမခံယူခြင်း၊ အော်ဟစ်ဆူပူနေခြင်းများ ပြုလုပ်ခဲ့သည်။

သို့ဖြစ်၍ ယင်းဖြစ်စဉ်အား မြဝတီခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းမှ တရားလိုပြုလုပ်တိုင်တန်းမှုအရ မြို့နယ်  တရားသူကြီး ဦးဝေဇင်မန်းမှ လက်ခံစစ်ဆေးပြီး ညနေ ၆နာရီ အချိန်တွင် စောခင်စိုးဝင်းအား ကူးစက် ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၈ အရ ထောင်ဒဏ်(၆)လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ် သည်။

ဇွန်လ ၂၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ပြန်လာသူအမျိုးသမီးတစ်ဦးမှာ မြဝတီ BCF ဇုန် သို့ မဝင်ဘဲ ကားဖြင့် ခိုးထွက်သွားသဖြင့် ၎င်းအမျိုးသမီးနှင့် အတူယာဉ်မောင်းအမျိုးသား(၁)ဦးအား မြဝတီမြို့နယ်တရားရုံးမှ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်(၄)လစီ အမိန့်ချခဲ့ပြီး မြဝတီနယ်စပ် BCF ဇုန်တွင် ဥပဒေချိုးဖောက်မှုဖြင့် အဆိုပါ ဥပဒေဖြင့် အရေးယူခံသူ (၃)ဦးထိရှိပြီဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ နေရပ်ပြန် အလုပ်သမားများအား ပြန်လည်ကြိုဆိုရေး ဆောင်ရွက်ပေးသည့်နေရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့မှ Covid -19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြန်လည်ဝင် ရောက်လာသူများအား နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...