SME ကရင်လုပ်ငန်းရှင်များ JICA အရေးပေါ်ချေးငွေ နေပြည်တော်ဘဏ်တွင် လျှောက်ထားနိုင်

SME ကရင်လုပ်ငန်းရှင်များ JICA အရေးပေါ်ချေးငွေ နေပြည်တော်ဘဏ်တွင် လျှောက်ထားနိုင်

စောထွန်းလင်း — ကိုဗစ်အလွန် ပြန်ထူထောင်ရန်လိုအပ်သည့် အသေးစားနှင့် အလတ်စား (SME) ကရင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက်တွင် ဂျက်ကာချေးငွေ (JICA -ODA-Oversea Development Aid) SME Two-Step Emergency Loan) လျှောက်ထားရယူနိုင်သည်ဟု ဘဏ်အထွေထွေ မန်နေဂျာ ဦးလှမင်းဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဘဏ်ချေးငွေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ က ရင်စီးပွား ရေးလုပ်ငန်းရှင်အသင်း တာဝန်ရှိသူများနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့ ဇွန် ၂၂ ရက်နေ့၊ နံနက် ပိုင်းတွင် ရန်ကုန်မြို့ တိုင်း၊ ဗဟန်းမြို့နယ်၊ ဥယျာဉ်လမ်းရှိ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရုံး၌ တွေ့ဆုံဆွေး နွေးပွဲ ပြုလုပ်ခဲ့ကြသည်။

နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်အထွေထွေမန်နေဂျာ ဦးလှမင်းဦးက “ကျနော်တို့ JICA ရဲ့ SME ချေးငွေ အသေးစား၊ အလတ်စား မွေးမြူရေးလုပ်ငန်းတွေကို ထုတ်ချေးပေးသွားဖို့ရှိတယ်။ ချေးငွေအတိုးနှုန်းက အာမခံ လုံလောက်တယ်ဆိုရင် တစ်နှစ် ၅.၅ ရာခိုင်နှုန်းနဲ့ အာမခံလျှော့ပေါ့ခြင်း (Ease of Collateral) အတွက် အတိုး နှုန်းက ၇ ရာခိုင်နှုန်းအပေါင်း အာမခံပရီမီယံ ကြေး ၃ ရာခိုင်နှုန်းကျသင့်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့အချက်အ လက်တွေကို အားစိုက်လိုက်တာနဲ့ အလွယ်တကူ ထုတ်ချေးသွားမှာပါ”ဟု ပြောသည်။

ချေးငွေ လျှောက်ထားလိုသူများအနေဖြင့် လုပ်ငန်းနှင့် ပတ်သက်၍ စာရွက်စာတမ်းအချို့နှင့်အတူ စက်မှု ဝန်ကြီး ဌာန၊ အသေးစားနှင့် အလတ်စားစက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထုတ်ပေးထားသည့် SME လုပ်ငန်းရှင် ဖြစ်ကြောင်း ထောက်ခံချက်နှင့် သက်တမ်းရှိ SME အသင်းဝင်ကဒ် လိုအပ်မည်ဖြစ်သလို ပိုင်ဆိုင်မှုအနေဖြင့် အမည်ပေါက်ဂရံ မြေရှိရန် လိုအပ်သည်။

သို့သော် အာမခံလျှော့ပေါ့သည့် အစီအစဉ်လည်းရှိပြီး မြေပိုင်ဆိုင်မှုအတွက် စာချုပ်တစ်ခုခုသော်လည်းကောင်း ၂၀၁၀ နှင့် အထက်ထုတ်လုပ်သည့်မော်တော်ယာဉ်၊ ၂၀၁၀နှစ်အောက်ထုတ်လုပ်သည့်ယာဉ်ဖြစ်ပါက လုပ်ငန်း လိုင်စဉ်ရှိထားသည့် ယာဉ်များကိုလည်း အာမခံအဖြစ်ထားရှိရန်ကာ ချေးငွေလျှောက်ထားနိုင်မည် ဖြစ်သည်။

ကရင်ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ ကျမတို့ ကရင်တိုင်းရင်းသားတွေ အနေနဲ့ စာရွက်စာတမ်း၊ ပိုင်ဆိုင်မှု တခုခုအတွက် ရုံးတွေသွားရမှာကို မလုပ်ချင်ကြပါဘူး။ တကယ်လည်းမွေးတယ်၊ မွေးမြူရေးလုပ်တဲ့လိုင်စင်မရှိဘူး၊ မြေပိုင်တယ် နာမည်ပေါက်ဂရံမရှိဘူး၊ ဒါမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီတော့ ချေးငွေအတွက် အခွင့်အရေးရှိပေမဲ့မရကြဘူး။ ဒီအတိုင်းပဲနေမယ်ဆို ဒီလိုပဲ ဖြစ်နေမှာပါ။ ဒီတော့နည်းနည်း အားစိုက်ပြီး လိုအပ်တာ လုပ်ပါ။ ကရင်လုပ်ငန်းရှင်အသင်းနဲ့ စာယဉ်တွေချိတ်ဆက်ပြီး ပြန်ထူထောင်ရေး ချေးငွေတွေ ရအောင်ကူပေး သွားမယ်” ဟု ပြောသည်။

ယခုလို အတိုးနည်းချေးငွေ ရရှိရန်အတွက် ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊ လုပ်ငန်းလိုင်စင်များ စသည်တို့ကို လျှောက်ထားရာတွင် အထွေထွေကုန်ကျစရိတ်ရှိပြီး အလယ်အလတ်လုပ်ငန်းများအတွက် အဆင်ပြေနိုင်သော်လည်း လုပ်ငန်းသေးများအတွက်မူ ရရှိမည့်ချေးငွေထက် အလုပ်ရှုပ်မှုများကပိုများမည့် သဘောရှိသည်ဟု အခမ်းအနား တက်ရောက်လာသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

 

နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် ယခင် နေပြည်တော်စည်ပင်သာယာရေးဘဏ်မှ အမည်ပြောင်း ထားခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် ဘဏ်ခွဲများမကြာမှီ ဖွင့်လှစ်သွားမည်သည်။ ဘဏ်နေဖြင့် JICA ထံမှ အသေးစားနှင့် အလတ်စားချေးငွေထုတ်ချေးရန် ကျပ် ၆၄ ဘီလျံရရှိထားပြီး လတ်တလောတွင် ကိုဗစ်ကြောင့် ထိခိုက်သည့် မွေးမြူရေးလုပ်ငန်းများကို ထုတ်ချေးသွားမည် ဖြစ်သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...