မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ပြောင်းဆံတင်ယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် ပြောင်းဆံတင်ယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

နေနော် — ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုလမ်းကြောင်း တစ်ခုဖြစ်သည့် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ပြောင်းဆံတင် ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူသေဆုံးကာ လူ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဇွန် ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မြဝတီ-ကော့ကရိတ်အာရှလမ်း မိုင်တိုင်အမှတ် ၁၆၀ ကီလိုမီတာနှင့် ကြား ကွမ်းခြံကွေ့ကုန်းဆင်းတွင် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းနေ ယာဉ်မောင်း ရဲလင်းအောင်(၂၈)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျော်မိုးဦး(၂၇) နှစ်လိုက်ပါလာသည့် ယာဉ်အမှတ် 7D/9971 ဟွန်ဒိုင်းအမျိုးအစားအဖြူရောင် ၂၂ ဘီး တွဲကားယာဉ်သည် ပြောင်းဆံများတင်ဆောင်လာပြီး အခင်းဖြစ်ရာ အရောက်တွင် ဘရိတ်ပေါက်သွားကာ လမ်း၏ယာဘက်ခြမ်းသို့ထိုးကျ၍ တိမ်းမှောက်သွားခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ရဲလင်းအောင်မှာ အခင်းဖြစ်နေရာတွင် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ယာဉ်ထိုးကျနေစဉ် ယာဉ်ပွတ်တိုက်မိသည့် လမ်းဘေးရေသန့်ဘူးကောက်နေသူနှစ်ဦးအပါအဝင် ယာဉ်ပေါ်ပါသူများ စုစုပေါင်း ၅ ဦး (မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် မြဝတီခရိုင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဒွေး နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြဝတီယာဉ် ထိန်းတပ်ဖွဲ့စု ၇၃ မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြဝတီခရိုင်မီးသတ်တပ်ဖွဲ့ ဝင်များမှ အခင်းဖြစ်ရာနေရာသို့ သွားရောက် စစ်ဆေးကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယာဉ်အား ကြံ့ခိုင်မှုမစစ်ဆေးဘဲမဆင်မခြင်မောင်းနှင်မှုကြောင့်လမ်းဘေးတိမ်းမှောက်ခဲ့ကာ လူသေ ဆုံးစေခဲ့ပြီး လူ ၅ ဦးထိခိုက်ဒဏ်ရာရစေသည့် ယာဉ်မောင်းရဲလင်းအောင်(၂၈)နှစ်(ကွယ်လွန်) အား သင်္ဃန်းညီ နောင်ရဲစခန်းမှ ယာဉ်(ပ)၁ဝ/၂ဝ၂ဝ၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃ဝ၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...