တိုက်ပွဲဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး အမည်မသိ လူသေအလောင်း ၂ လောင်းတွေ့ရှိ

တိုက်ပွဲဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး အမည်မသိ လူသေအလောင်း ၂ လောင်းတွေ့ရှိ
တိုက်ပွဲဖြစ်ြင်္ပီးနောက် ကားများအသွားအလာရပ်သွားသည်ကို တွေ့မြင်ရစဉ်
တိုက်ပွဲဖြစ်ြင်္ပီးနောက် ကားများအသွားအလာရပ်သွားသည်ကို တွေ့မြင်ရစဉ်

ဆောင်းဇာခြည် — တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့၊ ကျောက်ဆိပ်ကျေးရွာ အနီးတွင် ဇွန်လ ၂၀ ရက် နံနက် ၇ နာရီခန့်က လူသေအလောင်း ၂ လောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လူသေအလောင်းနှစ်လောင်းကို  ဇွန်လ ၁၉ ရက်နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ကျောက်ဆိပ်ကျေးရွာ၏ တောင်ဘက် ၅ ဖာလုံခန့်အကွာ၌ သေနတ်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည်ဟု ပြောဆိုသည်။

အလောင်းနှစ်လောင်း တွေ့ရှိခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က နံနက် ၁၁ နာရီခွဲခန့်က ဆက်သွယ်စဉ် အတည်ပြု ပြောကြားသည်။ ၎င်းအမည်မသိအလောင်းနှစ်လောင်းမှာ ယခုအခါ ပုဏ္ဏားကျွန်းဆေးရုံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူက ဆိုသည်။

ယင်းအလောင်းများနှစ်လောင်းအား ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အရှင်သဘာဝနဒီက ကျောက်ဆိပ်ရွာ အဝင်၌ ရှိသည့် ဦးအောင်မြင့်၏ ဆီဆိုင်ရှေ့၌ တွေ့မြင်ခဲ့ကြောင်း ဆရာတော်က မိန့်သည်။ ဆရာတော် သဘာဝနဒီသည် ရခိုင် စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးစောင့်ရှောက်ပေးနေသည့် ဆရာတော်တစ်ပါးဖြစ်သည်။

“လူငယ်နှစ်ယောက်ပါ။ အရပ်ဝတ်နဲ့ ယောကျ်ားလေးတွေပေါ့။ သေနတ်ဒဏ်ရာလိုမျိုး ဒဏ်ရာတွေနဲ့ပေါ့။ ဗိုက်တွေ၊ နောက်ကျောတွေမှာပါ ဒဏ်ရာတွေက။ ဦးဇင်းက အခု ကျောက်ဆိပ်က ရွာသားတွေဆီကို ရောက်နေလို့ မြင်တာပေါ့နော်။ ရုပ်တော့ မပျက်သေးပါဘူး။ ဒါပေမယ့် ဘယ်ရွာကလဲ ဆိုတာကိုတော့ မသိဘူးပေါ့နော် ” ဟု ဦးဇင်းက နိရဉ္စရာသို့ မိန့်သည်။

အဆိုပါ အလောင်းများအား တွေ့ရှိခဲ့သည့် နေရာ အနီးတွင် တပ်မတော်နှင့် AA တို့ အကြား ယမန်နေ့နံနက်က ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

၎င်းတိုက်ပွဲကြောင့် အနီးအနားရှိ ကျောက်ဆိပ်ကျေးရွာသားများမှာ ယိုးငူ၊ ကြံခင်း၊ ပန်းနီလာနှင့် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတို့ထံ ထွက်ပြေးခိုလှုံနေကြရသည်။

ကျောက်ဆိပ်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း “သေနတ်ဒဏ်ရာတွေနဲ့ သေနေတာပါ။ ဆိုင်ကယ်လည်း နှစ်စီးနဲ့ပေါ့။ ကြည့်ရတာ ဆိုင်ကယ်နဲ့ ပုဏ္ဏားကျွန်းဘက်ကို သွားရင်း သေနတ်နဲ့ပစ် ခံရတာထင်တယ်။ အခု အဲဒီဆိုင်ကယ်တွေလည်း လဲနေတယ်။ ဆိုင်ကယ်ကတော့ ကျောက်ဆိပ်က ဆိုင်ကယ်ပါပဲ။ လူတွေကတော့ ကျောက်ဆိပ်ရွာသားတွေ မဟုတ်ဘူး ” ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါ အလောင်းအနီး လဲနေသော ဆိုင်ကယ် နှစ်စီးထဲမှ တစ်စီးမှာ ကျောက်ဆိပ်ကျေးရွာမှ ဒေါ်ဝင်းကြည်မေ၏ ဆိုင်ကယ်တစ်စီးဖြစ်ကြောင်း အဆိုပါ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံက ပြောသည်။

သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်သည်ကို ဒေသခံများစုံစမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။

ကျောက်ဆိပ်ကျေးရွာတွင် အိမ်ခြေ ၄ဝဝ ခန့်ရှိပြီး လူဦးရေ ၂ဝဝဝ ကျော်ရှိကြောင်းလည်း ရပ်မိရပ်ဖများက ပြောသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...