မြောက်ဦး မြောင်းဘွေရဲစခန်းတွင် တပ်သားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံး

မြောက်ဦး မြောင်းဘွေရဲစခန်းတွင် တပ်သားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံး

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ရဲစခန်းမှ ရဲတပ်သားတစ်ဦး ဇွန်လ ၁၉ ရက် နံနက်က သေနတ် ကျည်ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။ သို့သော်လည်း သေဆုံးရခြင်းကို သက်ဆိုင်ရာက ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

သေဆုံးသူမှာ မြောက်ဦးမြို့နယ် လောင်းကြက်တောင်မော်ရွာမှ မြောင်းဘွေရဲစခန်းတွင် တာဝန်ကျနေသူ ကျော်မျိုးလိူင်(ခ)အာနိုး (၄၂) နှစ်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူက “ ဒီနေ့ မနက် ၄ နာရီလောက်မှာ ကိုယ်ဟာကိုယ် ကျည်ကျသွားတယ်လို့ ပြောပါတယ်။ ဒီလောက်ဘဲ သိရပါတယ်။ ဒီမှာရှိတဲ့ လူတွေက ဒီလိုဘဲ ပြောပါတယ်။ဒီထက် ပိုပြီး မသိရပါ။ မနက် ၁၂ နာရီလောက် သင်္ဂြိုလ်လိုက်ပါပြီ” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်သို့ ဆက်သွယ်ရာ သေဆုံးခြင်းကို အတည်ပြုသော်လည်း အကြောင်းအရင်းကို မသိရသေးကြောင်း ပြောကြားသည်။

“ ဟုတ်တယ်။ အဲဒီမှာတစ်ယောက်သေတယ်လို့ကြားတယ်။ ဘာဖြစ်လို့သေတာလည်းဆိုတာ အကြောင်းအရင်းကို မသိရသေးဘူး” ဟုပြောသည်။

မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းသို့ ဆက်သွယ်ရာတွင်လည်း သေဆုံးသည်ကို သိရပြီး အသေးစိတ် မသိရသေးဟု ပြောသည်။

“ကြားမိပါတယ်။ အဲဒီက ဒေသခံတွေကို ကျွန်တော်မေးကြည့်တော့ သေနတ်ပစ်သံကြားတယ်။ ဘာဖြစ်လို့ ပစ်မှန်းမသိဘူးလို့ပြောတယ်။ မိန်းမနဲ့ ၇ နှစ်သမီးလေးလည်းရှိတယ်လို့သိရတယ်။ ကျွန်တော်ကတော့ ဘာအကြောင်းနဲ့ သေတယ်လို့တော့ မသိသေးဘူး” ဟုပြောသည်။

မြောင်းဘွေကျေးရွာ ဒေသခံများသို့ ဆက်သွယ်ရာ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ၎င်းတို့ ကျေးရွာ ရဲစခန်းတွင် ရဲတစ်ဦး သေနတ်ကျည်ထိပြီး သေဆုံးသွားသည်ဟု ပြောသည်။

“ မနက် သုံးနာရီခွဲလောက်က သေနတ်သံတစ်ချက်ကြားတယ်။ သေသွားတဲ့ ရဲကို လူတွေက အာနိုးလို့ ခေါ်ကြတယ်။ သူ့မိန်းမက ဘူးသီးတောင် ဇာတိပါ။ သေနတ် ဒဏ်ရာက ဆီးခုံအထက်မှာလို့ သိရတယ်။ အလောင်းကို မနက်အစောကြီး မြောင်းဘွေ ဆေးရုံကချလာပြီး အခု သင်္ဂြိုလ်လိုက်ပြီလို့သိရတယ်။ စခန်းမှူး အိမ်ထက်မှာ ဖြစ်တာလို့ကြားတယ်” ဟု သူမက ပြောသည်။

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...