တိုက်ပွဲကြောင့် အမ်းမြို့နယ်တွင်းရှိ ချင်းရွာသား ၆၀၀ ကျော် ပိန်းဥသာစားနေရ

တိုက်ပွဲကြောင့် အမ်းမြို့နယ်တွင်းရှိ ချင်းရွာသား ၆၀၀ ကျော် ပိန်းဥသာစားနေရ

Salai Khup Khup — ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ၃လနီးပါးကြာ လမ်းပိတ်ဆို့နေသဖြင့် အမ်းမြို့နယ်တွင်းရှိ ချင်းကျေးရွာမှ ရွာသူရွာသား ၆၀၀ ကျော် ပိန်းဥတူးဖော် စားနေရသည့် အခြေအနေကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ဥက္ကဌ ဆလိုင်းအိုက်ဇက်ခင် ကပြောသည်။

ဆလိုင်းအိုက်ဇက်ခင်က “တိုက်ပွဲကြောင့် ရွာတွေမှာ ပိတ်မိနေတာ နှစ်လ သုံးလောက်လောက် ရှိနေပြီ။ အစောပိုင်း ကာလက ကျတော်တို့ အဖွဲ့အစည်း အနေနဲ့နီးစပ်ရာနဲ့ကူညီခဲ့တယ်။ လူခြောက်ရာလောက်က ပိတ်မိနေတာ ကြာပြီဆိုတော့ စားနပ်ရိက္ခာ ပြတ်နေကြပြီ၊ လက်ရှိ ပိန်းဥတွေ တူးပြီး စားနေရတယ်လို့လည်း သိရတယ်”ဟု ပြောသည်။

မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ယခုစားနပ်ရိက္ခာပြတ်လပ်သည့် ဒေသမှာ အမ်းမြို့နယ် ဒလက်အုပ်စု၊ ရှမ်းကုန်းရွာများတွင်ရှိသည့် ချင်းတိုင်းရင်းသား ခြောက်ရာကျော်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ဆလိုင်းအိုက်ဇက်ခင်က “ဆန်အိတ် ၅၀ စာ နှစ်သိန်းခွဲ မနေ့က ပို့ပေးတယ်၊ ကျတော်တို့ အဖွဲ့အစည်းတွေ အနေနဲ့ အမြဲတမ်းပို့ပေးနေကျဖြစ်တယ်၊ မနေ့ကတော့ အရေးပေါ် ရိက္ခာရောက်နိုင်အောင် ပို့တာဖြစ်တယ်၊ အစိုးရအဖွဲ့ဖက်ကလည်း ကူညီပေးလို့ ရအောင် ဆောင်ရွက်နေတယ်၊ အခုက စစ်ဘေးရှောင်နေတာမျိုး မဟုတ်ဘဲ ရွာတွေရဲ့ အထက်မှာ ရက္ခိုင့်တပ်မတော် AA အဖွဲ့တွေ တပ်စွဲထားတယ် ရွာရဲ့ အောက်ဖက်မှာက မြန်မာ့စစ်တပ်တွေရှိတယ် ၊ အဲဒီနှစ်ခုကြားမှာဆိုတော့ ဘယ်မှ လွတ်လွတ်လပ်လပ် မသွားရဘဲနဲ့ ပိတ်မိနေတာဖြစ်တယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်အတွင်း ချင်းစစ်ဘေးရှောင် ဦးရေမှာ ခြောက်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း ဖြစ်ပြီး နေရပ်စန့်ခွာတိမ်းရှောင်သူ များ အထောက်အကူပြုကော်မတီ၏ စာရင်းများ အရသိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...