ကိုဗစ်နိုင်တင်းကြောင့် ဆူရ်ဘုန်လေယာဉ်တွင်း အပြီးသတ်ရန် အခက်အခဲဖြစ်နေ

ကိုဗစ်နိုင်တင်းကြောင့် ဆူရ်ဘုန်လေယာဉ်တွင်း အပြီးသတ်ရန် အခက်အခဲဖြစ်နေ

နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတွင် တည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန်လေဆိပ် စီမံကိန်းသည်  ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာစမ်းသပ်မည့်အမေရိကန်နိုင်ငံမှ ပညာရှင်များရောက်မလာနိုင်သည့်အတွက် နှောင့်နှေးကြန့်ကြာနေသည်ဟုသိရသည်။

ယခုလက်ရှိတွင် ဆူရ်ဘုန်လေဆိပ်စီမံကိန်းသည် ၉၅ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကာ Test run ဟုခေါ်သောလေယာဉ်စမ်းသပ် ပျံသန်းမှုပြုလုပ်ရန်နှင့် မြေပြင်-ဝေဟင်ဆက်သွယ်သည့် နည်းစနစ်စမ်းသပ်ရန်သာလိုအပ်ပြီး ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် ရာသီဥတုအခြေအနေကြောင့် ကြန့်ကြာနေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“လေယာဉ်ကွင်းကတော့ ပြေးလမ်းတွေ၊ ရေ ၊ မီး၊ အဆောက်အဦး တာဝါတိုင်တွေ ခရီးသည်တွေ ဝင်ထွက်သွားလာမယ့်နေရာတွေ တော်တော်များများပြီးသွားပြီ ၉၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ အဓိကကျန်နေတာကတော့ အမေရိကန်ကနေ ဝယ်တဲ့ မြေပြင်နဲ့ ဝေဟင်လေယာဉ် ပေါ်ကနေအောက်ကို ဆက်သွယ်တဲ့ နည်းစနစ်စမ်းသပ်ဖို့အတွက် သူတို့ဆီကပညာရှင်လာဖို့က ကိုဗစ်နိုင်တင်းဖြစ်နေတော့ မလာနိုင်ဘူးဖြစ်နေတယ် အဲဒီဟာပြီးသွားရင်တော့ ၁၀၀ ရာခိုင်နှုန်းပြီးပြီလို့ပြောနိုင်မယ်’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

Test run ဟုခေါ်သော လေယာဉ်စမ်းသပ်ဆင်းသက်ပျံသန်းမှုကို ယခုဇွန်လအတွင်း လုပ်ဆောင်ရန်စီစဉ်ထားသော်လည်း ချင်းတောင်တွင် ယခုရက်ပိုင်းအတွင်း မိုးများသည့်အတွက်ကြောင့် Test run လုပ်ရန် အဆင်မပြေဖြစ်နေသည်ဟု ဝန်ကြီးကဆက်ပြောသည်။

ချင်းပြည်နယ်တွင် ပထမဦးဆုံးဖြစ်လာမည့် ဆူရ်ဘုန်လေဆိပ်ကို လွန်ခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကစတင်ဆောင်ရွက်ခဲ့ကြပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင်တည်ရှိသည့် လေဆိပ်ဖြစ်လာမည်ဖြစ်သည်။ လေဆိပ်တည်ဆောက်မှုကုန်ကျစရိတ်မှာ ကျပ်ငွေ (၃၄) ဘီလီယံခန့်ရှိသည်။

ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းမှာ အလျား ၆၀၀၀ ပေ၊ အကျယ် ၁၀၀ ပေရှိပြီး Flexible Pavement ပြေးလမ်း အမျိုးအစားဖြစ်တည်ဆောက်ထားပြီး ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ၂၀၀ ပေ၊ အကျယ် ၁၀၀ ပေ နှင့် လေယာဉ်ရပ်နားရာ နေရာ အလျား ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေရှိ၍  ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀၀၀၀ ရှိကာ ATR 72 (MTOW- 49604) လေယာဉ်အမျိူးအစား ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...