ရွေးကောက်ပွဲ ဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများ KPP စတင်တောင်းယူ

ရွေးကောက်ပွဲ ဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများ KPP စတင်တောင်းယူ

စောထွန်းလင်း — ကရင်ပြည်သူ့ပါတီ (KPP) က ရွေးကောက်ပွဲဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများကို ဇွန် ၁၈ ရက်နေ့မှစ၍ စတင်တောင်းယူနေပြီး ဖြစ်ကြောင်း ပါတီ ဒုဥက္ကဋ္ဌ စောစေးဝါးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ဒီနေ့က စတောင်းလိုက်တယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေရဲ့ ဆန္ဒပြုလွှာ တောင်းထားတယ်။ ဝင်ပြိုင်ချင်တဲ့ နေရာနဲ့ ဝင်ပြိုင်မယ့် သူတွေကိုပေါ့။ ဇွန် ၃၀ ရက်နေ့ အရောက်ပါတီ ဌာနချုပ်ကိုပို့ပေးဖို့ တောင်းထားတယ်” ဟု စောစေးဝါးက ပြောသည်။

ကရင်ပြည်သူ့ပါတီ အနေဖြင့် လာမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ၎င်းတို့၏ အမာခံနယ်မြေ ဖြစ်သည့် က ရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ်မြေများနှင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ တနင်္သာရီရှိ မဲဆန္ဒ နယ် မြေအချို့တွင် ဝင်ပြိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

KPP အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ခြောက်နေရာ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နေရာ အနိုင်ရရှိခဲ့သလို ပါတီဝင် အင်အား တစ်သိန်းကျော်ရှိကာ ကရင်ပါတီများထဲတွင် ရွေးကောက်ပွဲနှစ်ကြိမ်ဆက် နိုင်ဖူးသည့် တစ်ခုတည်းသောပါတီဖြစ် သည်။ လာမည့် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရေးအတွက် ကရင်လူငယ်များ ဝိုင်းကူလုပ်ကိုင်ပေးနေကြောင်း KPP နှင့် ကရင်လူငယ်များထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...