တီးတိန်မြို့COVID-19 လူနာအမှတ် (၃၁) ဆေးရုံမှဆင်း

တီးတိန်မြို့COVID-19 လူနာအမှတ် (၃၁) ဆေးရုံမှဆင်း

တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ ကြပ်မတ်ကုသမှုခံယူနေတဲ့ COVID-19 လူနာအမှတ်(၃၁) ဟာ ဓာတ်ခွဲစစ်ဆေးမှုအဖြေ(၂) ကြိမ်ဆက်တိုက် Negative ပြပြီး ကျန်းမာရေးကောင်းမွန်တဲ့အတွက်ကြောင့် ဇွန်လ ၁၇ ရက် နေ့လည် (၁၁) နာရီလောက်က ဆေးရုံကနေ ဆင်းသွားပြီလို့ တီးတိန်မြို့ပြည်သူ့ဆေးရုံအုပ်ဒေါက်တာဇော်မြင့်နိုင်ကပြောပါတယ်။

လူနာအမှတ် (၃၁) ဟာ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပမထဦးဆုံတွေ့ရှိခဲ့တဲ့ လူနာအမှတ် (၁) တီးတိန်မြို့မှာ တည်းခိုခဲ့တဲ့အိမ်ရှင်ဖြစ်ပြီး ဆေးရုံကဆင်းပြီဆိုပေမယ့် နေအိမ်မှာ (၁၄) ရက် ကွာရန်တင်နေရဦးမယ်လို့ ဆေးရုံအုပ်ကပြောပါတယ်။

ချင်းပြည်နယ်မှာ COVID-19 ရောဂါပိုးတွေ့လူနာ တီးတိန်မြို့တွင် (၇) ဦး၊ ထန်တလန် (၁) ဦး၊ ဟားခါး (၁) ဦးနှင့် မင်းတပ် (၁) ဦး စုစုပေါင်း (၁၀) ဦးရှိခဲ့ပြီး အဲဒီထဲကနေ လူနာအမှတ်(၁)၊ (၂၃)၊ (၇၈)၊ (၁၁၃)၊ (၁၅၀)၊ (၃၁) စုစုပေါင်း (၆) ဦး ဆေးရုံကနေ ဆင်းသွားကြပြီဖြစ်ပါတယ်။

အခုလက်ရှိ ချင်းပြည်နယ်မှာ COVID-19 ပိုးတွေ့လူနာ (၄) ဦးကျန်ရှိနေသေးပြီး၊ ဟားခါးမြို့ပြည်သူ့ဆေးရုံမှာ ထန်တလန်မြို့က လူနာအမှတ် (၁၈၂)၊ မင်းတပ်မြို့က လူနာအမှတ် (၂၃၂) နှင့် တီးတိန်မြို့ပြည်သူ့ဆေးရုံမှာ လူနာအမှတ် (၂၀၀)၊ လူနာအမှတ် (၂၀၁) တို့ကြပ်မတ်ကုသမှုခံယူနေကြဆဲဖြစ်ပါတယ်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...