မြောက်ဦး လက္ကာရွာအနီး မိနစ်အနည်းကြာတိုက်ပွဲဖြစ်၊ စစ်တွေ-ရန်ကုန် ကားအသွားအလာ ရပ်တန့်နေ

မြောက်ဦး လက္ကာရွာအနီး မိနစ်အနည်းကြာတိုက်ပွဲဖြစ်၊ စစ်တွေ-ရန်ကုန် ကားအသွားအလာ ရပ်တန့်နေ

ခိုင်လူလှ - ဇန်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီး မိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်တွေ- ရန်ကုန်ကားအသွားအလာများ နံနက် ၁ဝ နာရီ အချိန်ထိ ရပ်တန့်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ သေနတ်ပစ်ခတ်သံတွေကို မနက် ၈ နာရီ ၄ဝ လောက်မှာ စကြားရပါတယ်။ ၁၅ မိနစ်လောက်ဘဲ ကြာပါတယ်။ မိုးကလည်း တအားရွာနေတော့ အသေအချာတော့ မပြောတတ်ဘူး။ တိန်ညိုကနေ ဒီနေ့ မနက်ကနေ ထွက်သွားတဲ့ စစ်ကြောင်းနဲ့ အေအေတို့ လက္ကာတံတားကြီး အနီးမှာ ဖြစ်တယ်လို့ ကြားပါတယ်” ဟု တိန်ညို ဒေသခံ တစ်ဦးက ပြောသည်။

၎င်းနောက်ပိုင်း ကားသမားများ မသွားရဲသဖြင့် ကားများမှာ တစ်ဘက်တစ်ချက်စီတွင် ပိတ်မိနေကြောင်း ၎င်းက ပြောကြားသည်။

“ အခု မနက် ၁ဝ နာရီ ၅ မိနစ်ရှိပါပြီ။ ကားတွေက လမ်းပေါ် ဖြတ်သွားတာ မတွေ့ရဘူး။ ကားသမားတွေက စိုးရိမ်ပြီး မသွားကြတဲ့ အတွက် ခုလို တစ်ဘက်တစ်ချက်စီမှာ ပိတ်မိနေတာပါ” ဟု ၎င်းက ပြောကြားသည်။

လက္ကာရွာသားတစ်ဦးသို့ ဆက်သွယ်ရာ ၎င်းက “ ကျွန်တော်က ရွာမှာရှိမနေပါ။ တစ်ခြားရွာတစ်ခုကို ရောက်နေပါတယ်။ လမ်းမပေါ်က လက္ကာတံတားကြီးနားမှာ စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်တယ်လို့ ကြားပါတယ်။ ပစ်သံကတော့ ၁၅ မိနစ်လောက်ကြားရပါတယ်။ တိတိကျကျတော့ မသိရသေးဘူး” ဟု ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်သို့ ဆက်သွယ်ရာ တိုက်ပွဲ မိနစ် အနည်းငယ် ဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း အသေးစိတ်ကို မပြောနိုင်သေးကြောင်း ပြောကြားသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...