ရန်ကုန်နှင့် မွန်ကရင်ဝန်ကြီးနှစ်ဦး ရေးရာနေရာအတွက် ပြန်လျှောက်ထားခြင်းမရှိ

ရန်ကုန်နှင့် မွန်ကရင်ဝန်ကြီးနှစ်ဦး ရေးရာနေရာအတွက် ပြန်လျှောက်ထားခြင်းမရှိ

စောထွန်းလင်း - မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ လက်ရှိ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖြစ်သည့် စောအောင်မြင့်ခိုင်နှင့် နော်ပန်းသဉ္ဇာမျိုးတို့သည့် အဆိုပါ နေရာများအတွက် လာမည့် ရွေးကောက်ပွဲတွင် ပြန်အရွေးခံတော့မည့် မဟုတ်ကြောင်း ကေအိုင်စီသို့ ဇွန် ၁၅ ရက်နေ့တွင် အတည်ပြုပြောကြားသည်။

“ ကျမ ရန်ကုန်တိုင်းရဲ့ ကရင်ရေးရာဝန်ကြီးနေရာအတွက် လျှောက်လွှာပြန်မတင် ဖြစ်ဘူး”ဟု ဝန်ကြီး နော် ပန်းသဉ္ဇာမျိုးက ပြောသည်။ သူမသည် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ကရင့်ရေးရာအပြင် ဟိုတယ်နှင့် ခရီး နှင့် ပြန်ကြားရေးဌာနတို့ကိုလည်း တာဝန်ယူထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်သည်လည်း မွန်ပြည်နယ် ကရင်ရေးရာဝန်ကြီး နေရာကို ပြန်အရွေးခံတော့မည်မဟုတ်ကြောင်း ကေအိုင်စီသို့ ယခုလို ပြောသည်။

“ အဓိက ကတော့ ကိုယ်ဘာလုပ်ပေးနိုင်လဲ၊ ကိုယ်ဘာလုပ်ချင်လဲ၊ ကိုယ်ဘယ်နေရာနဲ့ သင့်တော်လဲဆိုတဲ့ အပေါ်မှာပဲ ဆုံးဖြတ်လိုက်တာပါ။ ပါတီက တာဝန်ပေးမယ်ဆိုရင်တော့ အခြားနေရာမှာ ပြန်တာဝန်ထမ်းဆောင် သွားဖို့တော့ ရှိပါတယ်” ဟု ဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

ယခုလို ဝန်ကြီး စောအောင်မြင့်ခိုင် ရေးရာနေရာ ပြန်မဝင်တော့သည့်အတွက် မွန်ပြည်နယ် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာကို ပေါင်မြို့နယ်သား ဒေါက်တာ စောသာစိန်က အဆိုပြုလွှာတင်ထားသည်ဟု မွန်ပြည်နယ်အတွင်းရှိ ကရင်အသိုင်းအဝိုင်းက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နေရာကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဝင်ပြိုင်ဖွယ်ရှိသည်ဟု သတင်းပေါ်ထွက်နေသော်လည်း ကေအိုင်စီက သီးခြား အတည်ပြုချက်မရရှိဖြစ်နေသည်။

ယခုလို မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ ပြန်အရွေးခံရန် အ ဆို မပြုတော့သည့်အတွက် အဆိုပါနေရာများတွင် ကရင်ရေးရာ ဝန်ကြီးသစ်များကို လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် ကရင်တိုင်းရင်းသားတို့ ရွေးချယ်သွားရမည်ဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ် ပြင်ပ မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ၅ ဦးရှိပြီး ၎င်းတို့ အားလုံးသည် NLD ပါတီဝင်များ ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...