မတူပီမြို့ရှိ Quarantine ဝင်သူများအတွက် ပညာရေးဝန်ထမ်းများ၏လစာထဲမှ ပံ့ပိုးခြင်းဖြစ်ဟုဆို

မတူပီမြို့ရှိ Quarantine ဝင်သူများအတွက် ပညာရေးဝန်ထမ်းများ၏လစာထဲမှ ပံ့ပိုးခြင်းဖြစ်ဟုဆို

Salai C Lian - ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ Quarantine ဝင်သူများအတွက် ပညာရေးဝန်ထမ်းများထံမှ  ကျပ် ၁၀၀၀ ယူကာ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း မတူမြို့နယ် ဒုပညာရေးမှူး ဦး ရိုထန်က ပြောသည်။

မတူမြို့ ဒုပညာရေးမှူး ဦး ရိုထန်က “ပထမဆုံးကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက အလှူခံတာပေါ့၊ ရံပုံငွေမရှိပဲ ဘာမှလုပ်လို့မှ မရတာ၊ မတူပီမှာက ဆမီးနှင့် ပလက်ဝက quarantine ဝင်တဲ့သူတွေ အကုန်လုံးလိုက်ကြည့်ပေးတယ်ဆိုတော့ ရံပုံငွေမရှိဘူး၊ ဆိုတော့ ထွေအုပ်ကတော့ သူ့ဝန်ထမ်းတွေကို ကျပ် ၅၀၀၀ ကောက်လိုက်တယ်၊ မြို့နယ်ကလည်း ပညာရေးဝန်ထမ်းကိုပဲ အားကိုးကြတယ်ဆိုတော့ ကျွန်တော်တို့ကလည်း ပြောဆိုရင်း ပညာရေးဝန်ထမ်းကနေလည်း ၁၀၀၀ စီကို ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် ပံ့ပိုးလိုက်တယ်” ဟု ပြောသည်။

မတူပီမြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ရန်ဆိုကာ မြို့နယ်အားလုံး ကျောင်းဆရာ/မ လစာဖြတ်ခဲ့သော်လည်း ကျေးရွာအတွက် မသုံးပဲ မြို့ပေါ်အတွက်သာ အသုံးပြုကြောင်း လူမှုကွန်ယက်အတွင်း ပြောဆိုမှုအပေါ် မေးမြန်းခဲ့ရာ ဒုပညာရေးမှူးမှ ယခုလိုဖြေကြားသည်။

မတူမြို့နယ် ဒုပညာရေးမှူး ဦး ရိုထန်က “သေရေးရှင်ရေးအလုပ်လုပ်နေတာ ဆိုတော့ ကျွန်တော့အနေနဲ့ကတော့ ကောင်းတဲ့လူမှုရေးအလုပ် လုပ်နေတယ်၊ ကိုယ်က အလုပ်တောင် မလုပ်ပဲနဲ့ နေရင်းထိုင်းရင်း လစာပုံမှန်ရနေတဲ့သူတစ်ယောက်က ဒီပိုက်ဆံ ၁၀၀၀ ကိုမနှမျောသင့်ဘူးလို့ထင်တယ်၊ မပြောသင့်ဘူးလို့ ယူဆတယ်၊ ကိုယ်လုပ်တာလည်းမဟုတ်ဘူး၊ ကိုယ့်လစာကျတော့ ခပ်တည်တည်ယူပြီးတော့ တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ ကိုဗစ်အတွက် ၁၀၀၀ ကျတော့ မပေးချင်တဲ့သူကတော့ ကျွန်တော်ကတော့ သဘောမကျဘူး၊ အဲလောက်စိတ်ဓါတ်ရှိတဲ့သူတွေအတွက် ဝမ်းနည်းတယ်၊ တစ်ချို့ကဆိုရင် နည်းတောင်နည်းသေးတယ်လို့ ပြောတဲ့သူတွေတောင်ရှိတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ပညာရေးဝန်ထမ်းများထံမှ ကိုဗစ်ကြိုတင်ကာကွယ်ရန် ထိုသို့ ကျပ် ၁၀၀၀ ပံ့ပိုးခဲ့သော်လည်း တစ်ခြားမြို့နယ်များတွင် လစာပုံမှန်ရရှိကြောင်း ဖလမ်းမြို့နယ် ကျောင်းဆရာမ တစ်ဦးက ဆိုသည်။

သူက “ကျွန်မတို့ဘက်မှာကတော့ လစာပုံမှန်ရတယ်၊ ဖြတ်တာတွေလည်း မရှိဘူး၊ ပြီးတော့ ကိုဗစ်အတွက်ဆိုပြီး အကြောင်းကြားတာတွေလည်းမရှိဘူး၊ ယနေ့ထိတော့ ပုံမှန်အတိုင်း လစာရနေတယ်” ဟု ဆိုသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကိုဗစ်ကာကွယ်ရန် ပညာရေးဝန်ထမ်းများထံမှ ၃ ကြိမ် အလှူငွေကောက်ခံခဲ့ပြီး၊ တစ်ကြိမ်မှာ ပြည်နယ်မှ အလှူငွေကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...