၂၀၂၀ ရွေးကောက်ပွဲတွင် မာန်အောင်မှ ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ ရွေးချယ်

၂၀၂၀ ရွေးကောက်ပွဲတွင် မာန်အောင်မှ ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ ရွေးချယ်

အောင်ကောင်းဇော် — မာန်အောင်မြို့နယ်အတွင်း၌ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်များ ရွေးချယ်ခြင်းကို မြို့နယ်ပါတီရုံးမှာ ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထို့သို့ရွေးချယ်ရာ၌ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ဦးစန်းဝေ ကိုရွေးချယ်ထားပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပထမဦးစား‌‌‌‌ပေအဖြစ် ဦးစိုးနိုင်၊ ဒုတိယဦးစားပေး ဒေါ်ခင်ထိပ်ထားလှိုင် တို့ကို ရွေးချယ်ထားကြောင်း မာန်အောင်မြို့နယ် NLD ပါတီရုံးမှ သိရသည်။

ထို့အပြင် ပြည်နယ်လွှတ်တော် အမှတ်(၁)မဲဆန္ဒနယ်တွင် ပထမဦးစားပေး ဒေါ်မရွှေ၊ ဒုတိယ ဦးစားပေး ဒေါ်ခင်မာစန်းနှင့် အမှတ်(၂)မဲဆန္ဒနယ်တွင် ပထမဦးစားပေး ဦးတင်နုအောင်၊ ဒုတိယဦးစားပေး ဦးဖိုးနွဲ့တို့ကို ရွေးချယ်ထားကြောင်း သိရသည်။

“အခုပြည်သူ့လွှတ်တော်မှာ ၂ ယောက်၊ ပြည်နယ်မှာဆိုရင် မဲဆန္ဒနယ်အမှတ်နှစ်ခုအတွက် ၄ ယောက်ပေါ့ ၊ အမျိုးသားမှာတော့ ဝင်အရွေးခံသူ တစ်ယောက်ပဲရှိတယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့ရဲ့ပါတီမူအရ ပြည်နယ်ကနေပြီးတော့ ပထမဦးစားပေးနဲ့ ဒုတိယဦးစားပေးတွေထဲက တစ်ယောက်ကို အတည်ပြုပေးမယ်” ဟု မာန်အောင်မြို့နယ် NLD ပါတီရုံး ဥက္ကဋ္ဌ ဦးဆိတ်တောင်းက ရှင်းပြသည်။

လက်ရှိ ရွေးချယ်ထားသည့်စာရင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ရခိုင်ပြည်နယ်) ရုံးသို့ ဇွန်လ ၁၅ ရက်နေ့တွင် ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ဆက်၍ပြောသည်။

အဆိုပါ ရွေးချယ်ပွဲသို့ မြို့မိ၊ မြို့ဖများအပါအဝင် ပါတီဝင်များ စုစုပေါင်း ၂၈ ဦးတက်ရောက်ကာ မဲစနစ်ဖြင့် ရွေးချယ်မှုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီမှ မာန်အောင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁ ဦးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၂ ဦး အနိုင်ရရှိခဲ့သည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...