မင်းတပ်တွင် ပြည်ပပြန် Quarantine ဝင်ရသူများ ကိုယ့်စရိတ်နှင့်ကိုယ် နေရဟုဆို

မင်းတပ်တွင် ပြည်ပပြန် Quarantine ဝင်ရသူများ ကိုယ့်စရိတ်နှင့်ကိုယ် နေရဟုဆို

မင်းတပ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါထိန်းချုပ်ရေး အစီစဉ်အရ Quarantine ဝင်ရသူ ပြည်ပ ပြန်လာသူများမှာ ကိုယ့်စရိတ်နှင့်ကိုယ် နေရကြောင်း ဒေသခံများထံသိရသည်။

Quarantine ဝင်ရသူများကိုကူညီပေးနေသော မင်းတပ်မြို့ရှိ ဒေသခံ တစ်ဦးက “အခုQuarantine စုစုပေါင်းရင် ၁၁ ယောက်ရှိပြီ ဒီလို Quarantine ဝင်နေတဲ့ချိန်မှာ အစားသောက်နဲ့ ပက်သက်ပြီး အချို့က အရမ်းခက်ခဲတယ် တချို့က မင်းတပ်မြို့နယ်မှာရွာမှာနေတဲ့ လူတွေဆိုတော့ သူတို့ကို ကူညီပေးမဲ့လူ မရှိရင် အရမ်းခက်ခဲတယ် နောက်ပြီး လက်ရှိQuarantine ဝင်နေတဲ့သူတွေကလည်း သူတို့ စရိတ်နဲ့ သူတို့နေနေရတယ်လို့သိရတယ်”ဟုပြောသည်။

ချင်းပြည်နယ် မြို့နယ်အားလုံးကို ၄ လပိုင်းလောက်မှ စတင်ပြီး Quarantine ဝင်နေရသူများကို ပြည်နယ်အစိုးရမှ ထောက်ပံ့ကြေးများ ပေးထားသည်ဟု သိရသော်လည်း မင်းတပ်တွင် ထမင်းဖိုးများ ပေးရသည်ဟု Quarantine များကို ကူညီဆောင်ရွက်ပေးနေသင့် အသင်းဖွဲ့များက ပြောသည်။

မင်းတပ်မြို့နယ်ရှိ အုပ်ချုပ်ရေးဖက်မှ တာဝန်ရှိသူများမှ ပြည်ပပြန် Quarantine ဝင်နေရသူများကို မြို့အစီစဉ်နှင့်လည်း၎င်း အစိုးရမှ ပေးသည့် ထောက်ပံ့ပေးသည့် ငွေကြေးများကို တာဝန်ရှိ သူများကို သေချာပေးလိုက်ကြောင်း မင်းတပ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က ပြောသည်။

မင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က “မြို့အစီစဉ်နဲ့ ကျတော်တို့က ဒီ Quarantine ဝင်တဲ့လူတွေကိုကျွေးမွေးတယ် နောက်ပြီး ချင်းပြည်နယ် အစိုးရကလည်း ဒီဟာနဲ့ ပက်သက်ပြီး ပေးတယ် အဲဒီပေးတဲ့ ဟာတွေကိုလည်း Quarantine ဝင်တဲ့လူတွေကို ချက်ပြုတ်လုပ်ပေးတဲ့ တာဝန်ရှိတဲ့ သူတွေကို ပေးတယ် အဲဒါကို မပေးဘူးလို့ လူမှုကွန်ရက်တွေမှာ လျှောက်တင်နေကြတာ”ဟုပြောသည်။

မင်းတပ်မြို့တွင် ဇွန်လ ၂  ရက်နေ့က မလေးရှားမှ ပြန်လာပြီး မင်းတပ်မြို့တွင် Quarantine ဝင်သူ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့ပြီး အဆိုပါ case-232 ကို ဟားခါးပြည်သူ့ ဆေးရုံကြီးတွေ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိချင်းပြည်နယ်တွင် COVID -19 ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိလူနာ ၁ဝဦး ထိရှိခဲ့ပြီဖြစ်ပြီး ၃ ဦးမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...