မင်းပြားမြို့နယ် ကျောက်ခုတ်နှင့်သစ်ပုတ်တောင်အကြား ပစ်ခတ်မှုဖြစ်ပွား၍ အနီးအနားရှိကျေးရွာသားများ ထောင်နှင့်ချီပြီးထွက်ပြေး

မင်းပြားမြို့နယ် ကျောက်ခုတ်နှင့်သစ်ပုတ်တောင်အကြား ပစ်ခတ်မှုဖြစ်ပွား၍ အနီးအနားရှိကျေးရွာသားများ ထောင်နှင့်ချီပြီးထွက်ပြေး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာနှင့် သစ်ပုတ်တောင်ကျေးရွာအကြားတွင် ယနေ့နံနက်က ပစ်ခတ်မှု ဖြစ်ပွား၍ အနီးအနားရှိ ကျေးရွာပေါင်း ၁ဝ ကျော်မှ ရွာသားထောင်နှင့်ချီပြီး ထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။

ထွက်ပြေးနေကြသည့် ကျေးရွာသားများမှာ မင်းပြားမြို့နယ်မှ သစ်ပုတ်တောင်၊ ကျောက်ခုတ်၊ စအင်းရွာသစ်၊ စအင်းရွာဟောင်း၊ သာယာကုန်း၊ ရန်တိုင်၊ ပြိုင်းတော၊ ခမောင်းတော၊ မြောင်ချောင်း စသည့်ကျေးရွာများမှ ဖြစ်ကြသည်ဟု ဆိုသည်။

အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက “ ကျွန်တော်တို့ရွာက တစ်မိုင်လောက် ဝေးမယ်ထင်ပါတယ်။ ဒီနေ့ မနက် ၅ နာရီ ၁ဝ မိနစ်လောက်မှာ အသံအကျယ်ကြီး ပေါက်ကွဲသံတွေ ကြားရပါတယ်။ နောက်လက်နက်ငယ် တွေနဲ့လည်း ပစ်သံကြားရပါတယ်။ ကျွန်တော်တို့က ဘာဖြစ်တယ်ဆိုတာကို မပြောနိုင်ပါ။ ကြောက်ပြီး ထွက်ပြေးနေကြရပါတယ်။ ရွာစဉ် တစ်လျှောက်ရွာတွေအားလုံးကဆိုတော့ လူပေါင်း သောင်းနဲ့ ချီပြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကျောက်ခုတ်ရွာ တစ်ရွာတောင် အိမ်ခြေ ၆ဝဝ ကျော်၊ လူဦးရေ သုံးထောင်ကျော် ရှိပါတယ်” ဟု ပြောကြားသည်။

ထွက်ပြေးကြသည့် ကျေးရွာသားများသည် စက်လှေများ၊ ဟွန်ဒါ စက်တပ်လှေများဖြင့် ငမန်းရဲကျွန်းဘက်သို့ ပြေးကြသည်ဟု ဆိုသည်။

ကျောက်ခုတ်ရွာက အသက် ၄၂ နှစ်အရွယ် ကျော်မြထွန်းဆိုသူတစ်ဦးကိုလည်း ကိုင်းထဲတွင် လုပ်လုပ်နေရာမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း ၎င်းက ပြောကြားသည်။

“ တပ်ကတော့ ကျွန်တော်တို့ ကျောက်ခုတ်ရွာမှာ မရှိတော့ပါ။ အခု ရွာသားတစ်ယောက်တော့ အဖမ်းခံထားရပါတယ်” ဟု ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ဖြစ်တာက ကျောက်ခုတ်ကျေးရွာက ၅ဖာလုံ ၆ ဖာလုံလောက်ဝေးတဲ့ တက်ခုတ်တံတားအနီးမှာ ဖြစ်ကြတယ်လို့ ကြားရပါတယ်။ ဘာတွေဖြစ်တယ် ဆိုတာတော့ မသိပါ။ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ ကြားရတယ်လို့တော့ ရွာသားတွေက ပြောပါတယ်။ ကျောက်ခုတ်ရွာက တစ်ယောက်အဖမ်းခံရတာကတော့ မြို့နယ် အာဏာပိုင်တွေရဲ့ အသိပေးချက်အရ သိရပါတယ်” ဟု ပြောကြားသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...