ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီး စက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါသူများ ပင်လယ်ထဲ မျောနေ

ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီး စက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါသူများ ပင်လယ်ထဲ မျောနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်အုပ်စု ချိန်ခါလိန်ကျေးရွာ၏ အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်တွင် ဇွန်လ ၁၀ ရက်နံနက် ၁၀ နာရီခန့်က စက်လှေတစ်စီး နစ်မြုပ်နေကာ စက်လှေပေါ်ပါလူများမှာလည်း ပင်လယ်ထဲ မျောနေကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

ဦးထွန်းတင်စိုးက “စက်လှေက အကြီးပါ။ နွားတွေ၊ သစ်တွေ တင်တဲ့ စက်လှေမျိုးပေါ့နော်။ ကျွန်တော်တို့ ဒေသဘက်က စက်လှေနဲ့တော့ မတူဘူး။ ကျောက်ဖြူဘက်က စက်လှေမျိုးတွေနဲ့ တူပါတယ်။ စက်လှေက ဘင်္ဂလားဘက်က လာတာနဲ့ တူပါတယ်။ စက်လှေနစ်နေလို့ လူတွေလည်း ဗူးတွေကို ဖက်တွယ်ပြီး မျောနေကြတယ်” ဟု ဇွန်လ ၁၀ ရက်နံနက် ၁၁ နာရီ ၁၀ မိနစ်က ဆက်သွယ်စဉ် နိရဉ္စရာသို့ ပြောသည်။

စက်လှေမှာ ချိန်ခါလိန်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ကျော် အကွာတွင် ရပ်နားထားပြီးနောက် နံနက် ၁၀ နာရီခန့်က ယင်းနေရာတွင် နစ်မြုပ်သွားကာ စက်လှေပါ လူ ၁၀ ကျော်လောက်မှာလည်း ပင်လယ်ထဲတွင် မျောနေကြကြောင်း ဦးထွန်းတင်စိုးက ဆက်ပြောသည်။

လက်ရှိတွင် ပင်လယ်ထဲတွင် မျောနေသူများအား ကူညီကယ်ဆယ်ရန် အဖွဲ့အစည်းများ မရောက်ကြသေးကြောင်း၊ သူ့အနေဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့် လှမ်းအကြောင်း ကြားထားကြောင်း ဦးထွန်းတင်စိုးက ပြောသည်။

“ကျွန်တော်ထင်တာက စက်လှေမှာ အောက်က ပျဉ်က ပေါက်သွားလို့ လုပ်နေကြရင်း ရေ အများကြီး ဝင်သွားတော့ စက်လှေနစ်ဆင်းသွားတာလို့ ထင်တယ်။ လေကလည်း ခတ်ပြင်းပြင်းတိုက်နေတယ်။ ဒီက ထွက်ကယ်ဖို့ကလည်း အခက်ခဲ ရှိနေတယ်။ ရေကြောအတိုင်းမျောနေလို့ သူတို့ ကမ်းကို ကူးတာ တခြားတစ်ဖက်ကိုပဲ မျောပါနေတယ်။ အဲဒါကြောင့် ကမ်းကို ကူးလို့ မရဘူးထင်တယ်။” ဟု ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ချိန်ခါလိန်ရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးက “ကျွန်တော်တို့အဖွဲ့တွေ အကုန်လုံး ကမ်းခြေမှာ စောင့်နေကြပါတယ်။ စက်လှေကတော့ နစ်မြုပ်သွားပြီ။ သူတို့က ပေပါခွံတွေနဲ့ ကမ်းကို ကပ်လာတာ။ အဲဒီမှာ ကျွန်တော်တို့က တောက်လျောက် ကမ်းက စောင့်နေကြတာပါ။ အသက်အန္တရာယ်တော့ မရှိပါဘူး။ တော်တော်လေး ကမ်းနားကိုတောင် ရောက်နေကြပါပြီ။ လောလောဆယ်က ဒီက ကျွန်တော်တို့ တပ်ဖွဲ့တွေပဲ ရှိတယ်။ ဒီနားမှာ ဒီလိုဖြစ်ရင် ကျွန်တော်တို့အဖွဲ့တွေကပဲ ကူညီရတာပါ။” ဟု ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်က နိရဉ္စရာသို့ ပြောသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...