ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လကုန် တွင် အပြီးကြေညာမည်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လကုန် တွင် အပြီးကြေညာမည်

Shing Mang — ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လကုန်တွင် အပြီးကြေညာမည်ဖြစ်ကြောင်း CNLD ပါတီဥက္ကဋ္ဌ ဦး ငိုင်ဆာခ့်ထံမှသိရသည်။

“ဇွန်လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ မြို့နယ် အသီးသီးမှာ ကိုယ်စားလှယ်လောင်းတွေက လျှောက်လို့ရတယ်။ ကိုယ်ကြိုက်တဲ့ ကိုယ်နှစ်သက်ရာ မဲဆန္ဒနယ်ကိုလျှောက်လို့ရတယ်။ နောက် ၂၇ ရက်နေ့ကို လျှောက်လွှာပိတ်ပြီးတော့ ပဏာမ ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင်လ ၁၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ ရွေးမယ်။ အဲလိုရွေးပြီးတော့ ကျွန်တော်တို့ ဗဟိုကို ဇူလိုင် လ ၁၉ ရက်ထားပြီးတော့ တင်ပြရမယ်။ အဲလိုတင်ပြပြီးတဲ့နောက်မှာ ဗဟိုကနေ ဇူလိုင်လ ၂၅ရက်နေ့မှာ ကိုယ်စားလှယ်လောင်းတွေကို အပြီးကြေညာ မယ်“ ဟု CNLD ဥက္ကဋ္ဌ ဦး ငိုင်ဆာခ့် မှ ပြောသည်။

ဦးငိုင်ဆာခ့်မှ ဆက်ပြီး “ဗဟိုခေါင်းဆောင်ထဲမှာ လောလောဆယ်တော့ မသိသေးပေမယ့် ဥက္ကဋ္ဌ သုံးယောက်စလုံးကတော့ ပြိုင်မယ်ပေါ့နော် ဒီသုံးယောက်ကတော့ မိမိကြိုက်နှစ်သက်ရာ မဲဆန္ဒနယ်ကို ရွေးချယ်ပိုင်ခွင့် ရှိတယ်ပေါ့။ နောက် ဗဟိုကော်မတီ EC ထဲမှာလည်း ပြိုင်မယ့်သူလည်းရှိပါတယ်။ ဒါပေမယ့် ပြိုင်မယ့်သူက လေးပုံတစ်ပုံလောက်ပဲရှိမယ်”ဟု ဆက်ပြီးပြောသည်။

လျှောက်လွှာလက်ခံရာတွင် မဲဆန္ဒနယ် တစ်ခုတွင် နှစ်ယောက် သုံးယောက် ထပ်မည်ဆိုလျှင် မြို့နယ်ကော်မတီမှ ညှိနှိုင်းမည်ဖြစ်ပြီး ထပ်မံအဆင်မပြေပါက မြို့နယ်ကော်မတီမှ မဲဖြင့် ရွေးချယ်မည်ဖြစ်ပြီး မဲအများရရှိသူသည် ကိုယ်စားလှယ်လောင်း ဖြစ်မည်ဖြစ်ပြီး ဒုတိယမဲ အများဆုံးရရှိသူသည် အရံအဖြစ်ထားရှိမည်ဟုလည်းသိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှ ရွေးကောက်ပွဲ ကို ပုံမှန်ကျင်းပသည့် အတိုင်း နိုဝင်ဘာလထဲတွင် ကျင်းပမည်ဟုမီဒီယာများထံဖြေကြားထားသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...