ရခိုင်တွင် ကိုရိုနာပိုးတွေ့ရှိသူ လူနာအမှတ်(၂၄၄)မှာ ဘင်္ဂလာဒေရှ့်မှ ပြန်ဝင်လာသူဖြစ်ပြီး လူအချို့နှင့်ထိတွေ့ဆက်ဆံခဲ့သူဖြစ်ကြောင်း ဒေသခံများဆို

ရခိုင်တွင် ကိုရိုနာပိုးတွေ့ရှိသူ လူနာအမှတ်(၂၄၄)မှာ ဘင်္ဂလာဒေရှ့်မှ ပြန်ဝင်လာသူဖြစ်ပြီး လူအချို့နှင့်ထိတွေ့ဆက်ဆံခဲ့သူဖြစ်ကြောင်း ဒေသခံများဆို

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကိုရိုနာဗိုင်းရပ်စ်ပိုး ထပ်မံတွေ့ရှိသူ လူနာအမှတ် ၂၄၄ မှာ ဘင်္ဂလာဒေရှ့်နိုင်ငံမှ တရားမဝင် ပြန်လည် ခိုးဝင်လာသူဖြစ်ပြီး လူအချို့နှင့် ထိတွေ့ဆက်ဆံခဲ့သူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်ကျေးရွာမှ ရွာလူကြီးတစ်ဦးက "သူ့မှာ ဒီမှာမိန်းမရှိတယ်။ ဇွန်လ သုံးရက်နေ့က ရောက်တာကို သတင်းရတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့ သွားတိုင်မှ လေးရက်နေ့ ရဲသားတွေနဲ့ ဝိုင်းဖမ်းရတယ်။ သူ့မိန်းမနဲ့ လဖက်ရည်ဆိုင်မှာ အတူ စကား ပြောခဲ့တဲ့ လူတချို့တော့ ရှိတယ်။ အခု တစ်ရွာလုံး အပြင်မထွက်ရဲလောက်အောင် ကြောက်နေကြပြီ" ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းမှာအသက် ၂၅ နှစ်အရွယ် ဟိန္ဒူလူမျိုးတစ်ဦးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇွန်လ ၈ရက်နေ့ ညနေ ၈ နာရီတွင် သတင်းထုတ်ပြန်သည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှုး ဦးစိုးအောင်က " သူ့ကို ဇွန် ၈ ရက်နေ့မှာ လှဖိုးခေါင် ပြန်လည် လက်ခံရေး စခန်းကိုပို့လိုက်ပါပြီ။ ထိတွေခဲ့တဲ့ လူရှိမရှိကို စစ်ဆေးနေပါတယ်။ ခိုးဝင်လာတဲ့ထဲက တစ်ယောက်ပါ။ မောင်တောဆေးရုံကိုပို့သွားဖို့ရှိမယ်"ဟု ပြောသည်။

ဘင်္ဂလာဒေရှ့်နိုင်ငံမှ မြန်မာနိုင်ငံဖက်သို့ ခိုးဝင်လာနေသူများ ရှိနေသည်မှာ နယ်ခြားခြံစည်းရိုးများ မရှိသော နေရာအမျာအပြားရှိနေသောကြောင့် ဖြစ်သည်ဟု ဇွန်လ ၇ ရက်နေ့ကဦးစိုးအောင်က နိရဉ္စရာမှ မေးမြန်းချက်တွင် ဖြေကြားခဲ့သည်။

၎င်းလူနာမှာ ရခိုင်တွင် ၄ ဦးမြောက် ရောဂါပိုးတွေ့ရှိသူဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ မောင်တောတွင် ၂ ဦး၊ သံတွဲတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၁ ဦး၊ စုစုပေါင်း (၄)ဦးရှိသွားပြီဖြစ်သည်။ သို့သော် သံတွဲမှ လူနာမှာ (၂)ကြိမ်စစ်ဆေးပြီး ရောဂါမတွေ့ရတော့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၈ ရက်နေ့ ညနေပိုင်းထိ ပိုးတွေ့လူ ၂၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ပြန်လည် သက်သာလာသူ ၁၅၉ ဦး၊ စောင့်ကြည့်လူနာ ၅၂၈၁ ဦး၊ ဓာတ်ခွဲစစ်ဆေးသူ ၃၉၂၁၁ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...