မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်အတွင်း Covid-19 ကူးစက်ခံရသူ (၄၁) ဦးရှိ

မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်အတွင်း Covid-19 ကူးစက်ခံရသူ (၄၁) ဦးရှိ

ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် တစ်ပတ်အတွင်း Covid-19 ကူးစက်ခံထားရသူ အတည်ပြုလူနာ (၄၁) ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ ယခင်ကတစ်ဦးသာရှိခဲ့ပြီး ထုသူသည်လည်း ရောဂါပိုးမတွေ့တော့သည့်အတွက် ဆေးရုံမှဆင်းခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံရသူ အချိန်အတော်ကြာ မတွေ့ရှိတော့သည့်နောက်ပိုင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က Covid-19 ရောဂါပိုးကူးစက်ခံရသူ (၁၂) ဦး ပြန်လည်တွေ့ရှိခဲ့ပြီး ဇွန်လ ၇ ရက်နေ့အထိ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦးအထိ ရှိနေပြီးဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Covid-19 ရောဂါပိုးကူးစက်ခံထားရသူ (၄၁) ဦးတို့မှာ အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးတို့မှ နေရပ်ပြန်လာပြီး Facility Quarantine ဝင်ထားသူများဖြစ်ကြကာ Covid-19 ပိုးတွေ့လူနာကုသပေးလျက်ရှိသည့် Zoram Medical College တွင် ကုသမှုခံယူနေကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၄၂) ဦးရှိပြီး၊ အဆိုပါ (၄၂) ဦးအနက် (၃၈) ဦးတို့မှာ နယူးဒေလီကမှ ပြန်လာကြသူများဖြစ်ပြီး၊ ကာလကတ္တားမြို့မှ ပြန်လာသူ (၂) ဦး၊ Gujarat မြို့မှ ပြန်လာသူ (၁) ဦး နှင့် နေသာလန်နိုင်ငံမှ ပြန်လာသူ (၁) ဦးတို့ဖြစ်သည်။

ယခုလို တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားလျက်ရှိသော Covid-19 ကြောင့် အိန္ဒိယနိုင်ငံပြည်နယ်အသီးသီးတွင် သောင်တင်နေ ကြသော မီဇိုရမ်ပြည်နယ်သားများ သောင်းနဲ့ချီ အစိုးရအစီစဉ်ဖြင့် အစုလိုက်ပြန်လာကြသည့်အချိန်ဖြစ်သောကြောင့် မီဇိုရမ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူဦးရေ ထပ်တိုးလာဖွယ်ရှိနေကြကြောင်း အများက သုံးသပ်သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...