ဟုမ္မလင်းမြို့နယ် NLD ပါတီ၏ လွတ်တော်ကိုယ်စားလှယ်လောင်းများကို ဇွန်လ ၁၂ ရက်နေ့ရွေးချယ်မည်

ဟုမ္မလင်းမြို့နယ် NLD ပါတီ၏ လွတ်တော်ကိုယ်စားလှယ်လောင်းများကို ဇွန်လ ၁၂ ရက်နေ့ရွေးချယ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာများထုတ်ယူနိုင်ကြောင်း ကြေညာထားစဉ်

ဟုမ္မလင်းမြို့နယ်  NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် လွတ်တော်ကိုယ်စားလှယ်လောင်းများကို မြို့မိမြို့ဖများနှင့် ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အောင်နိုင်ရေးအဖွဲ့များက ဇွန်လ ၁၂ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ လွတ်တော်ကိုယ်စားလှယ် ၁၂ ရက်နေ့ကို ရွေးချယ်မယ် ၁၅ ရက်နေ့ တိုင်းကိုပို့ရမယ်။ လွတ်တော်ကိုယ်စားလှယ်အရည်အချင်း ရွေးချယ်သတ်မှတ်တဲ့ထဲရှိတယ်။ ပါတီဝင်မည်သူမဆိုတင်လို့ရတယ်။ အဲ့ဒီထဲက ကျွန်တော်တို့ရဲ့ ရွေးချယ်ရတဲ့ စံတွေနဲ့ရွေးချယ်သွားမှာပါခင်ဗျ” ဟု လက်ရှိ ဟုမ္မလင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လည်းဖြစ် ဟုမ္မလင်းမြို့နယ် NLD ပါတီ၏ မြို့နယ် ဒုဉက္ကဌလည်းဖြစ်သည့် ဦးမျိုးညွှန့်က ရှမ်းနီအသံကိုပြောသည်။

ဇွန်လ ၁၅ ရက်နေ့တွင် မြို့နယ်မှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းစာရင်းများကို တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့သို့တင်ပြရမည်ဖြစ်ပြီး ဗဟိုသို့ဆက်လက်တင်ပြပြီး ဗဟိုကရွေးချယ်မှသာ အတည်ပြုမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများအတွက် လျှောက်လွှာများကိုလည်း ပါတီဝင်မည်သူမဆို လျှောက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။

ထိုရွေးချယ်နိင်ရေးအတွက် ဟုမ္မလင်းမြို့နယ် မြို့မိမြို့ဖ (၅) ဦးကိုလည်း ဇွန်လ (၆) ရက်နေ့က ရွေးချယ်ခဲ့သည်။

“ ရပ်မိရပ်ဖတွေကို သူ့စည်းကမ်းနဲ့ ရပ်ကျေးကရွေးချယ်ကြတယ်။ ရပ်ဖိရပ်ဖတွေကတော့ ပါတီဝင်ထဲကတော့မဟုတ်ဘူး။ ပါတီကိုအစဉ်တစိုက်ဝန်းရံအားပေးခဲ့သူတွေပေါ့ဗျ” ဟု ဦးမျိုးညွှန့်ကဆိုသည်။

NLD ပါတီသည် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ယခင်က အောင်နိုင်ရေးအဖွဲ့နှင့် မြို့နယ်အလုပ်အမှုဆောင်များကသာ ရွေးချယ်ခဲ့သော်လည်း ယခုရွေးကောက်ပွဲအတွက် မြို့မိမြို့ဖများကိုပါ ရွေးချယ် ရေးအဖွဲ့ တွင် ပါဝင်စေခဲ့ခြင်းဖြစ်သည်။

၂ဝ၂ဝ ရွေးကောက်ပွဲလည်း လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားသည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...