မူးယစ်ဆေးအမှုများတွင် ဒဏ်ငွေ လာရောက်ညှိနှိုင်းသော်လည်း ဥပဒေအတိုင်းသာ ဆောင်ရွက်ဟု KNU ပြော

မူးယစ်ဆေးအမှုများတွင် ဒဏ်ငွေ လာရောက်ညှိနှိုင်းသော်လည်း ဥပဒေအတိုင်းသာ ဆောင်ရွက်ဟု KNU ပြော

မွန်ပြည်နယ် ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသူများကို ငွေကြေးတောင်းခံမှုရှိသည်ဟု ပြောဆို သည့်အပေါ် ငွေဒဏ်ဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လာရောက်ညှိနှိုင်းမှုသာရှိပြီး မိမိတို့အနေဖြင့် KNU ချမှတ်ထား သည့် ဥပဒေအတိုင်းသာ ဆောင်ရွက်နေသည်ဟု ဝင်းရေးမြို့နယ် တာဝန်ရှိသူမှ ဇွန်လ ၃ရက်နေ့က ကေအိုင်စီသို့  ပြောသည်။

မေလ ၂၈ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ငါးကလေးချောင်းအနီး မွန်လူငယ် ၄ဦးကို KNU က ဖမ်းဆီးခေါ်  ဆောင်သွားပြီး မူးယစ်ဆေးဝါးမှုဖြင့် ငွေကျပ်သိန်း ၂ဝ တောင်းဆိုခဲ့သည်ဟု Mon Human Rights မွန်လူ့အခွင့်အ  ရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် ငွေကြေးအရ လာရောက်ညှိနှိုင်းမှုသာရှိပြီး မိမိတို့အနေဖြင့် လူမှု  ရေးပြစ်ဒဏ်အနေဖြင့် ထိန်းသိမ်းထားမှုသာရှိကြောင်း KNU ဒူးပလာယာခရိုင်ရှိ ဝင်းရေးမြို့နယ် တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ်ရာတွင် ယခုကဲ့သို့ ပြန်လည်ရှင်းပြခဲ့သည်။

“ပြီးခဲ့တဲ့ ဧပြီလ ၁၄ရက်နေ့က ရေးမြို့နယ် ငါးကလေးချောင်း ရာဘာတောထဲမှာ လူ ၄ဦးထံကနေ လက်လုပ်သေ နတ်တစ်လက်နဲ့ မြင်းဆေး ၁ဝလုံး ဖမ်းမိတာပါ။ မွန်ပြည်သစ်ပါတီ ဒေသတာဝန်ရှိတစ်ဦးက  ထောင်မချနဲ့ ငွေဒဏ် သာ ဆောင်ရွက်ပေးဖို့ တောင်းဆိုတာရှိတယ်။ မိသားစုဘက်ကရော အခြားမွန်လူငယ်အဖွဲ့တွေရော လာရောက်ညှိ နှိုင်းတာ ရှိတယ်။ မသိရင် ကျနော်တို့ လုပ်စားသလို ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့က လူမှုရေးပြစ်ဒဏ်အနေနဲ့ပဲ ထိန်းသိမ်းထားတယ်။”ဟု KNU ဝင်းရေးမြို့နယ် အတွင်းရေးမှူး ပဒိုစောအယ်ဒါးက ပြောသည်။

လိပ်ပုရွာသား ၃ဦးနှင့် စုံနံ့သာရွာသား ၁ဦးကို မူးယစ်ဆေးမှုဖြင့် ဝန်ခံကတိ လက်မှတ်ထိုးထားပြီး လူမှုရေးပြစ်ဒဏ်အ ရ ၃လစီ ထိန်းသိမ်းထားရှိကာ အခြားတစ်ဦးအား ကျန်းမာရေးအခြေအနေကြောင့် ဆေးကုခွင့်အနေဖြင့် နေအိမ်ပြန် ခွင့်ပြုထားသည်ဟု KNU တာဝန်ရှိသူများက ပြောဆိုသည်။

KNU အနေဖြင့် မူးယစ်ဆေးဝါးမှုများ ဖမ်းဆီးအရေးယူရာတွင် ပြဌာန်းဥပဒေအရ ဆောင်ရွက်မှု အားနည်းနေလျှက်ရှိ ပြီး လူမှုရေးပြစ်ဒဏ်များဖြင့်သာ ဆုံးဖြတ်ဆောင်ရွက်သည့်အပေါ် ရေရှည်တွင် လူထုအထင်အမြင် လွှဲမှားသွားနိုင်ပြီး ကျူးလွန်သူ မည်သူမဆို ကော်သူးလေ ၁/၂ဝ၁၄ မူးယစ်အထူး အက်ဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်ဖြေ ရှင်းရန်လိုသည်ဟု KNU ဝင်းရေးမြို့နယ် ကျေးရွာတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ဒေသအတွင်း မူးယစ်ဆေးဝါးနှင့် ဘိန်းစာပင်များ စိုက်ပျိုး၊ ရောင်းဝယ်၊ သုံးစွဲမှုအပေါ် KNU ဝင်းရေးမြို့နယ်အနေဖြင့် ၂ဝ၁၆ခုနှစ်မှ ၂ဝ၂ဝခုနှစ်အထိ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လာခဲ့ရာ မေလ ၂ဝရက်နေ့နှင့် ၂၄ရက်နေ့များ တွင် ဘိန်းစာပင်ပေါင်း ၆၅ဝဝကျော်နှင့် မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးအရေးယူထားသူ အများအပြားရှိသည်ဟု KNU ရဲတပ်ဖွဲ့(KNPF) တာဝန်ရှိသူထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...