AA အဖွဲ့မှ (၁)လနီးပါး ဖမ်းဆီးပြီးပြန်လွှတ်ပေးခဲ့သည့် ချင်းအမျိုးသမီး(၁)ဦး ယနေ့ မင်းပြားဆေးရုံ၌ သေဆုံးကြောင်း CUSR အဖွဲ့မှထုတ်ပြန်

AA အဖွဲ့မှ (၁)လနီးပါး ဖမ်းဆီးပြီးပြန်လွှတ်ပေးခဲ့သည့် ချင်းအမျိုးသမီး(၁)ဦး ယနေ့ မင်းပြားဆေးရုံ၌ သေဆုံးကြောင်း CUSR အဖွဲ့မှထုတ်ပြန်

AA အဖွဲ့မှ (၁) လနီးပါး ဖမ်းဆီးပြီးပြန်လွှတ်ပေးခဲ့သည့် ချင်းအမျိုးသမီး(၁)ဦး ယနေ့ မင်းပြားဆေးရုံ၌ သေဆုံးကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများ အဖွဲ့ (CUSR )အဖွဲ့မှထုတ်ပြန်သည်။

မင်းပြားမြို့နယ် တောင်ရှည်ပြင်ကျေးရွာမှ ချင်းအမျိုးသား (၃)ဦးနှင့် သိုင်းကျပ် ကျေးရွာမှ ချင်းအမျိုးသမီး (၁)ဦး စုစုပေါင်း ချင်းလူမျိုး (၄)ဦးတို့မှာ ပြီးခဲ့သည့်လ မေလ (၃) ရက်န့မှစ၍ AA အဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ထိုသူများမှာ ဒေါ်စိန်မဦး (၄၈ နှစ်)၊ ဦးစိန်ဝင်းစိန် (၃၆ နှစ်)၊ ဦးယောင်းစော (၅၄ နှစ်)နှင့် ဦးကျော်ဝင်းသူ (၄၇ နှစ်) တို့ဖြစ်ကြသည်။

AA အဖွဲ့မှ ၄င်းတို့ကို လွန်ခဲ့သည့် ဇွန်လ (၁)ရက်နေ့တွင် ပြန်လွတ်ပေးခဲ့သော်လည်း ထိုသူများထဲမှ ဒေါ်စိန်မဦးသည် AA အဖွဲ့ထံမှ ပြန်လည် လွတ်မြောက်လာသည့်နေ့(ဇွန်လ၁ရက်နေ့) ပင်မင်းပြားမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရသော်လည်း ယနေ့မနက် ဇွန်လ (၃)ရက်နေ့ တွင်သေဆုံးခဲ့ကြောင်းကို ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများ အဖွဲ့ (CUSR)ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လွတ်မြောက်လာသူ ၄ ဦး ထဲမှ ဒေါ်စိန်မဦး သည် AA အဖွဲ့ထံမှ ပြန်လည် လွတ်မြောက်လာသည့် ဇွန်လ ၁ရက်နေ့တွင် မင်းပြားမြို့၊ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရသော်လည်း ဇွန်လ ၃ ရက်မနက်မှာတွင် သေဆုံးခဲ့ကြောင်း CUSR- Minbya မှ  "ဇွန်လ (၁)ရက်နေ့မှာ သူတို့ ဆေးရုံကို ရောက်လာကြတယ်။ မနေ့က ကျွန်မတို့ သွားကြည့်တော့ သူစိတ်က ဂယောင်ခြောက်ခြား ဖြစ်နေတာကို တွေခဲ့ရတယ်။ နောက်ပြီး သူက ကျွန်မတို့ကိုလည်း ကြောက်နေရှာတယ်။ အောက်ဆီဂျင်လည်း ရှူထားရတာကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ ဒီကနေ့ မနက် သွားကြည့်မယ်လုပ်တော့ သူ ဆုံးသွားပြီလို့ပဲ ကျွန်မတို့ ကြားခဲ့ရတယ်။“ ဟု ပြောကြားခဲ့ကြောင်း၊ သေဆုံးသွားသူ ဒေါ်စိန်မဦး၏ ရုပ်အလောင်းအား ဒီကနေ့မနက် (၈)နာရီလောက်မှာပင် သူ၏မိသားစု ဆွေမျိုးများမှ သိုင်းကျပ်ကျေးရွာသို့ ပြန်လည်ဆောင်သွားခဲ့ပါကြောင်း၊ ထို့အတူ သေဆုံးသွားသူ ဒေါ်စိန်မဦး၏ ရုပ်အလောင်းအား မီးရှို့သင်္ဂြိုလ်ရာတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန် အတွက် CUSRမှ သူ၏မိသားစုအား ငွေကျပ် (၃)သိန်းကို ထောက်ပံ့ကူညီခဲ့ပါကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR)၏ ထုတ်ပြန်ချက်အရ သိရသည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...