အသက် ၁၀ နှစ်အောက်ကလေးငယ်များကို ယာဉ်ပေါ်တွင် အသက်ကယ်ခုံဖြင့်သာတင်ရန် ဥပဒေပြဌာန်း

အသက် ၁၀ နှစ်အောက်ကလေးငယ်များကို ယာဉ်ပေါ်တွင် အသက်ကယ်ခုံဖြင့်သာတင်ရန် ဥပဒေပြဌာန်း
မော်တော်ယာဉ်ဥပဒေအသစ်အကြောင်း မြစ်ကြီးနားမြို့တွင် ပညာပေးနေစဉ်
မော်တော်ယာဉ်ဥပဒေအသစ်အကြောင်း မြစ်ကြီးနားမြို့တွင် ပညာပေးနေစဉ်

အသက် (၁၀)နှစ်အောက် ကလေးငယ်များကို အသက်ကယ်ထိုင်ခုံ အသုံးပြုခြင်းမရှိဘဲ ယာဉ်ပေါ်လိုက်ပါစီးနှင်းခွင့်ပြုပါက ငွေဒဏ်(၃၀၀၀၀)ထိ ချမှတ်နိုင်သည့် ဥပဒေကို ပြဌာန်းထားပြီ ဖြစ်သည်။

ယင်းဥပဒေသည် မေလ ၂၆ရက်နေ့ ယာဉ်အန္တာရယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ် ဥပဒေတွင်ထပ်မံပြဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ မော်တော်ယာဉ်ဥပဒေတွင်မပါရှိသေးသည့် ဥပဒေသစ်ဖြစ်သည်။ ယခုအသစ်ပြဌာန်းလိုက်သည့် ယာဉ်အန္တာရယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမူဥပဒေ၏ အခန်း ၁၃ ပုဒ်မ ၇၅တွင်ပါရှိသည်။

“သတ်မှတ်ထားသည့် မော်တော်ယာဉ်အားမောင်းနှင်စဉ် ယာဉ်ပေါ်ပါရှိသော အသက် ၁၀နှစ်အောက် ကလေးငယ်များအား အသက်ကယ်ထိုင်ခုံကို အသုံးမပြုဘဲ စီးနင်းစေခြင်းမပြုရ” ဟု ပြဌာန်းထားသည်။

“ဥပဒေကို ထုတ်ပြီးလို့ရှိရင်လည်း ဒီဥပဒေကို အသက်ဝင်အောင်ရေရှည်လုပ်နိုင်ရင် ပိုကောင်းတယ်။ ခနတစ်ဖြုတ်ဘဲ လိုက်နာသလိုကြသလိုနဲ့ နောက်ကျတော့လည်း နဂိုတိုင်းပြန်ဖြစ်သွားကြတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဖို့ ပြောထားတာတောင် မလုပ်တဲ့လူတွေရှိတယ်။ ကျမအမြင်ပြောရရင်တော့သိပ်တော့ ထိရောက်မယ်လို့ မထင်ဘူး။ အဓိကတော့ ကလေးရှိတဲ့မိဘတိုင်းကတော့ ဒီဥပဒေကို သေချာလေ့လာထားပြီး လိုအပ်တာကြိုတင်လုပ်ထားသင့်တယ်လို့မြင်တယ်။” ဟု မြို့သစ်ကြီး မှ ကလေးမိဘဖြစ်သူတစ်ဦးဖြစ်သည့် ဂျာအိန်က ယခုလို ပြောသည်။

မော်တော်ယာဉ် ဥပဒေအား ၁၉၆၄ ခုနှစ်တွင်စတင်ပြဌာန်းခဲ့ပြီး၂၀၁၅ ခုနှစ်တွင်တစ်ဖန်ပြန်လည်ပြဌာန်းခဲ့ပြီးနောက် ၂၀၂၀ မေလတွင် တတိယအကြိမ်မြောက် ပြဌာန်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူများအနေဖြင့် မော်တော်ယာဉ်စီးနှင်းမူ မြင့်တက်လာသော်လည်း ယာဉ်အန္တာရယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုတွင် ပါရှိသည့် ဥပဒေပါ ကလေးများအသက်ကယ်ထိုင်ခုံခါးပတ်အသုံးပြုမူ အနည်းငယ်သာရှိသေးကြောင်း လေ့လာတွေ့ရှိချက်များအရသိရသည်။

မော်တော်ယာဉ်မောင်းနှင်စဉ်အတွင်း ကလေးများအား ၎င်းတို့အသက်အရွယ်နဲ့ကိုက်ညီသည့် အသက်ကယ်ထိုင်ခုံခါးပတ် အသုံးပြုခြင်းမရှိသည့်အပြင် အများအားဖြင့်လူကြီးများ၏ ထိုင်ခုံခါးပတ်များသာ အသုံးပြုပေးကြသည့်အတွက် ယာဉ်တိမ်းမှောက်ချိန် ကလေးငယ်များအနေဖြင့် အသုံးပြုထားသည့်ထိုင်ခုံခါးပတ်နဲ့ ကိုက်ညီခြင်းမရှိသည့်တွက် လွှင့်ထွက်သွားတတ်ကြပြီး အသက်အန္တာရယ်များစွာ ထိခိုက်သွားကြကြောင်း လေ့လာချက်များအရ သိရသည်။

လက်ရှိချိန်တွင် အဆိုပါဥပဒေများနှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့ မြစ်ဖျားဧရာကားကြီးကွင်းတွင် ဇွန်လ ၁ရက်နေ့မှစကာ ပညာပေးများစတင်လုပ်ဆောင်နေပြီဖြစ်ပြီး ပြစ်ဒဏ်အရေးယူမှုအပိုင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်သေးမည်မဟုတ်ဘဲ ပြည်သူများနားလည်သဘောပေါက်သည့်အထိ ပညာပေးများဆက်လက်လုပ်ဆောင်နေသေးမည်ဖြစ်ကြောင်း အမှတ် ၁၈ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးကျော်စိုးဦး ကပြောသည်။

တပ်ကုန်းရပ်ကွက်နေ ကလေးမိဘတစ်ဦး ဒေါ်စိမ်းလဲ့လဲ့က “ပညာပေးလုပ်နေတယ်လို့သိတယ် လိုင်းပေါ်ကသိတာ။ ဒီကလေးတွေအတွက် အသက်ကယ်ထိုင်ခုံခါးပတ်ကို အသုံးပြုဖို့ ဥပဒေပြဌာန်းတာအရမ်းကောင်းပါတယ်။ ဖြစ်နိုင်ရင်တော့ လူမူကွန်ယက်စာမျက်နှာမှာထက် အပြင်မှာလက်တွေ့အရေးယူတာတွေကို ထိထိရောက်ရောက်လုပ်နိုင်ရင်တော့ အရင်ထက် ပိုပြီး ကလေးတွေတွက် အသက်အန္တာရယ်ထိခိုက်မူ ပိုပြီးလျော့လာမယ်လို့မျှော်လင့်တယ်။” ဟု ပြောသည်။

နိုင်ငံတကာတွင် ကလေးငယ်များ၏အသက်အန္တာရယ် အရပ်အနိမ့်အမြင့် အလိုက် ထုတ်လုပ်ထားသည့် ကလေးအသက်ကယ်ထိုင်ခုံခါးပတ်(Child Safety Seats/Child Restraints)များအား နည်းစနစ်မှန်ကန်စွာ အသုံးပြုကြသည့်တွက် ယာဉ်တိမ်းမှောက်မူဖြစ်စဉ်များတွင် ကလေးငယ်များ အသက်ဆုံးရူံးမူနှင့် ပြင်းထန်စွာထိခိုက်မူမရှိအောင် ကာကွယ်စောင့်ရှောက်လျက်ရှိကြပါသည်။

အသက်အရွယ်နှင့်လျော်ညီသော ကလေးအသက်ကယ်ထိုင်ခုံခါးပတ်များကို သေချာစွာအသုံးပြုခြင်းဖြင့် ယာဉ်တိုက်မူဖြစ်စဉ်များအတွင်း ကလေးငယ် ၁၀၀လျှင် ၇၀အား အသက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သုတေသနတွေ့ရှိချက်များမှ လေ့လာတွေ့ရှိရသည်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...