ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာမှ ကျေးလက်ကျန်းမာရေးမှူးကို ပြန်လွတ်ပေး

ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာမှ ကျေးလက်ကျန်းမာရေးမှူးကို ပြန်လွတ်ပေး

ဆောင်းဇာခြည် — ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေခဲ့သည့် ကျေးလက်ကျန်းမာရေးမှူး ဦးစိုးသူဝင်းအား AA မှ ယမန်နေ့ နံနက် ၆ နာရီခန့်က ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဦးစိုးသူဝင်းအား မေလ ၁၆ ရက်နေ့က ၄င်းတာဝန်ကျနေသည့် ကုန်တန်းကျေးရွာမှ AA  တပ်ဖွဲ့ဝင် အချို့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးထံ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နီက “ AA က လူ ၈ ယောက်လောက်က ကျွန်တော်အပါအဝင် ရပ်မိရပ်ဘ တချို့ကို ရွာက စာသင်ကျောင်းကို ခေါ်ပါတယ်။ အဲဒီမှာ အဲဒီ ဆေးမှူးကို ကျွန်တော့်တို့ရှေ့က မင်းကို ဘာမှမလုပ်ဘူး။ ငါတို့ ပြန်လွတ်ပေးတော့မယ်။ မင်းရဲ့ ဇာတိရပ်မြေကို ပြန်တော့လို့ ပြောပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ဦးမောင်နီက “ ကျွန်တော်လည်း အဲဒီဆေးမှူးကို မေးကြည့်တယ်ပေါ့နော်။ မင်းကို သူတို့ ဘာလုပ်ခဲ့လဲမေးတော့ သူက ဘာမှမလုပ်ဘူး၊ ရိုက်လည်း မရိုက်ဘူး၊ ဒါပေမယ့် ဘာလို့ဖမ်းခဲ့မှန်းတော့ မသိဘူးလို့ ကျွန်တော့်ကို သူပြောပါတယ်။ ဆေးမှူးက သူဟာ မကွေးတိုင်းကလို့ ကျွန်တော့်ကိုပြောပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

၄င်း ဦးစိုးသူဝင်းအား ဘူးသီးတောင်မြို့နယ်၊ ငွေတောင်ကျေးရွာ၌ ရပ်မိရပ်ဘများမှ မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က ရွာရှိ စာသင်ကျောင်း၌ လက်ခံခဲ့ကာ၊ မေလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်က ရပ်မိရပ်ဖများထံမှ တစ်ဆင့် ရသေ့တောင်မြို့သို့ ကူးတို့ စက်လှေဖြင့် ထည့်ပေးလိုက်ကြောင်း ဦးမောင်နီက ဆက်ပြောသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...