အိန္ဒိယမှ ပြန်လာသူ ၇ ဦးကို ရိခေါဒါရ်မြို့တွင် Facility Quarantine ထားရှိ

အိန္ဒိယမှ ပြန်လာသူ ၇ ဦးကို ရိခေါဒါရ်မြို့တွင် Facility Quarantine ထားရှိ

နှင်းနှင်း – အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ နေရပ်ပြန်လာကြသည့် မြန်မာနိုင်ငံသား (၇) ဦးကို အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် Facility Quarantine အဖြစ်ထားရှိသည်ဟု သိရသည်။

နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၇ ဦးသည် အမျိုးသား (၅) ဦး၊ အမျိုးသမီး (၂) ဦး တို့ဖြစ်ပြီး မေလ (၂၆) ရက်ညတွင် ရိခေါဒါရ်မြို့သို့ရောက်လာကြပြီး ၎င်းတို့အားလုံးကို ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံတွင် Facility Quarantine   (၂၁) ရက်ထားရှိ သည်ဟု ရိ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးလားပက်လောမ်မာကပြောသည်။

“ ရိခေါဒါရ်မှာက ပြည်ပကနေပြန်လာမယ့်သူတွေ Quarantine ထားရှိဖို့ အ.ထ.က ကျောင်း၊အ.ထ.က (ခွဲ) ကျောင်းနဲ့ တိုက်နယ်ဆေးရုံမှာ (၃)နေရာစီစဉ်ထားတယ်။ ဒါပေမယ့် လောလောဆယ်တော့သူတို့အားလုံးကို တိုက်နယ်ဆေးရုံမှာ ထားတယ်” ဟု ပြန်ဆက်ဦးစီးမှူးက ပြောသည်။

၎င်းတို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာနှင့် ပျဉ်းတောဦး ကျေးရွာများတွင် နေထိုင်ကြသူများဖြစ်ကြပြီး  အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ် ၊လုံးလေခရိုင်မှ ပြန်လာကြသူများ ဖြစ်ကြသည်။

လက်ရှိတွင် ၎င်းတို့၏ ကျန်းမာရေးအခြေအနေ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကောင်းမွန်လျှက်ရှိကြပြီး ၊ နေထိုင်စားသောက်ရေးကိစ္စများကို  ရိခေါဒါရ် မြို့ရှိ ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေးကော်မတီမှ ဆောက်ရွ့က်ပေးကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း အိန္ဒိယတွင်ကျမ်းစာကျောင်းတက်ရောက်ပြီး မီဇိုရမ်ပြည်နယ်တွင် သောင်တင်နေကြသော မြန်မာကျောင်းသား ၁၆ ယောက်သည် နေရပ်ပြန်လာခဲ့ကြပြီး တီးတိန်မြို့ FBBC ကျမ်းစာကျောင်းတွင် Facility Quarantine အဖြစ် ထားရှိခဲ့ကြသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...