NCA မထိုးထားတဲ့ နယ်မြေမှာ နိုင်ငံရေးပါတီတွေ ဘယ်လိုတွေပြင်ဆင်ထားကြလဲ

NCA မထိုးထားတဲ့ နယ်မြေမှာ နိုင်ငံရေးပါတီတွေ ဘယ်လိုတွေပြင်ဆင်ထားကြလဲ

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ကယား(ကရင်နီ)ပြည်နယ်ဟာဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် (NCA) မထိုးထား သေးတဲ့ပြည်နယ်ဖြစ်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းမှာဆိုလျှင် ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီတွေအနေနဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ်(NCA) မထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားဒေသတွေဘက်က နယ်မြေအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ဘယ်လိုမဲဆွယ်စည်းရုံးရေးဆင်းကြမလဲဆိုတာ ဒီးမော့ဆိုမြို့နယ်အတွင်းက နိုင်ငံရေးပါတီ ၄ ခုကို သွားရောက်မေးမြန်းထားတာကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။



ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ ပြည်နယ်ဥက္ကဌ ဦးဖိုးရယ်

“ ကျတော်တို့ပါတီအနေနဲ့ကတော့ ဒီ KNPP နဲ့ပတ်သတ်ပြီးတော့မှ ကျတော်တို့ဘယ်လိုမှ မပတ်သတ်ဘူးပေါ့လေ မပတ်သတ်နိုင်ဘူးပေါ့ ဆိုတော့ သူတို့ထိန်းချုပ်တဲ့နေမြေမှာ ဆိုလို့ရှိရင်တော့ ကျတော်တို့တော့ အတတ်နိုင်ဆုံးတော့သွားမှာပေါ့လေ အတတ်နိုင်ဆုံးတော့ ကျတော်တို့သွားမှာဘဲ သူတို့ကန့်သတ်ချက်ရှိတယ်ဆိုရင်လဲ ကျတော်တို့တော့ အတတ်နိုင်ဆုံးရှောင်ရမှာပေါ့။”



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီးမော့ဆိုမြို့နယ် ဥက္ကဌ – ဒေါ်မေးရီယာန်

“ အားလုံးတစ်မြို့နယ်လုံးတော့ ကျမတို့စည်းရုံးသွားမှာဘဲလေး ဒါပေမဲ့ ဟို လူထုက သူတို့စိတ်ပါမပါဆိုတော့ သူတို့အပိုင်းပေါ့ ကျမတို့တော့ ပါတီရဲ့အလုပ်ကတော့ ဘယ်ရွာမှမကျန် အကုန်လုံးဘဲ စည်းရုံးသွားမယ်။”

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဒီးမော့ဆိုမြို့နယ် အလုပ်အမှူအောင် ကော်မတီ အဖွဲ့ဝင် ဦးကိုရယ်မိုးလွင်

“ မဲဆွယ်မှာကတော့ နေရာတိုင်းမှာပေါ့ ဒီ ဒီးမော့ဆိုမြို့နယ် တစ်မြို့နယ်လုံးမှာလိုက်ပြီတော့ မဲဆွယ်မယ်လေး ဟို KNPP အဖွဲ့နဲ့လည်း ညှိ့ထားတာရှိပြီးသား ညှိ့ထားတယ် ဆိုတာက အခုပြောသလို နားလည်မှုပေါ့ နော် ကိုယ့်ရဲ့စည်းရုံးရေးအနေအထားကို သူတို့ကတော့ လေ့လာရင် လေ့လာမှာပေါ့ လေ့လာလည်းကျတော်တို့က ကိုယ့်ဟာကိုစည်းရုံးရေးကိုယ့်ဟာကို ဆင်းမှာဘဲလေး ပြည်သူ့ကောင်းကျိုးအတွက် ကျတော်တို့ဆောင်ရွက်ဖို့အတွက်လှူပ်ရှားနေတာကော။”



ကယန်းအမျိုးသားပါတီမှ ဒီးမော့ဆိုမြို့နယ် ဥက္ကဌ ဦးခွန်းလျို့

“ ကျတော်တို့ကယန်းပါတီ ခါကျတော့ ဟို လူမျိုးရဲ့ကိုယ်စားပြုပါတီလိုမျိုးဘဲ ဖြစ်တဲ့ခါကျတော့ ဒီ ကျတော်တို့ကယန်းနည်းနည်းများတဲ့ဒေသလောက်ဘဲ ဆင်းဖြစ်မှာပေါ့ အဲ့လိုမျိုးဘဲလုပ်ထားတာ”

ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောကြောင့် ရွေးကောက်ပွဲမည်သည့်အချိန်လုပ်မည်ဆိုတာကိုတော့ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို ထုတ်ပြန်ဖို့ မေလ ၃၁ ရက်နေ့မှာ ကြေညာသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

၂၀၂၀၊ ဧပြီလ ၉ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေကတော့

(၁) အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်ပါတီ

(၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ

(၃) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ

(၄) ကယန်းအမျိုးသားပါတီ

(၅) ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ

(၆) အမျိုးသားတိုးတက်ရေးပါတီ

(၇) ရှမ်းတိုင်းရင်းသားများ ဒီမိုဂရက်တပါတီ

(၈) ရှမ်းတိုင်းရင်းသားများ ဒီမိုဂရေစီအဖွဲ့ချုပ်ပါတီ

(၉) ညီညွှတ်သော ဒီမိုဂရက်တစ်ပါတီ

(၁၀) အမျိုးသားဒီမိုဂရေစီ အင်အားစုပါတီ

(၁၁) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

(၁၂) အမျိုးသားနိုင်ငံရေးဒီမိုဂရက်တစ်ပါတီ

တို့ပဲဖြစ်ပါတယ်။

ပုံ -

၁။  ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ ပြည်နယ်ဥက္ကဌ ဦးဖိုးရယ်

၂။  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီးမော့ဆိုမြို့နယ် ဥက္ကဌ – ဒေါ်မေးရီယာန်

၃။  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဒီးမော့ဆိုမြို့နယ် အလုပ်အမှူအောင် ကော်မတီ အဖွဲ့ဝင် ဦးကိုရယ်မိုးလွင်

၄။  ကယန်းအမျိုးသားပါတီမှ ဒီးမော့ဆိုမြို့နယ် ဥက္ကဌ ဦးခွန်းလျို့

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...