ထိုင်းပြန် မြန်မာအလုပ်သမားတိုင်းကို တို့ဖတ်နမူနာယူ စစ်ဆေးပြီးမှ နေရပ် ပြန်ပို့မည်

ထိုင်းပြန် မြန်မာအလုပ်သမားတိုင်းကို တို့ဖတ်နမူနာယူ စစ်ဆေးပြီးမှ နေရပ် ပြန်ပို့မည်

ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်-၂ တံတားမှတဆင့် ထိုင်းမှပြန်လာသည့် မြန်မာအလုပ်သမားများကို  (Border Control Of Facility )၌ တို့ဖတ်နမူနာယူ၍ ရန်ကုန်ကျန်းမာရေးဌာန၊ ဗဟိုဓာတ်ခွဲခန်းသို့ ပေးပို့ကာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိစစ်ဆေးပြီး  အဖြေရရှိပြီးမှသာ ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတို့ နှင့် ချိတ်ဆက်ပြီး နေရပ်ပြန်ပို့မည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

၎င်းက “မေ ၂၃ ရက်နောက်ပိုင်းပြန်လာတဲ့ သူတိုင်းကို မြဝတီနယ်စပ် (BCF) ဇုန်မှာ တို့ဖတ်နမူနာယူပြီးတော့ ရန်ကုန်ကျန်းမာရေးဌာန၊ ဗဟိုဓာတ်ခွဲခန်းကို ပို့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိမရှိ စစ်ဆေးပါမယ်။ ဒီလိုစစ် ဆေးဖို့ တို့ဖတ်နမူနာယူတဲ့နေရာမှာ ပြည်နယ်ကျန်းမာရေးဌာနက ကျွမ်းကျင်တဲ့ပညာရှင်တွေက ဆောင်ရွက် နေတာ ဖြစ်ပြီး နောက်ပိုင်းရက်တွေမှာ ကျန်းမာရေးဗဟိုဌာနက ကျွမ်းကျင်တဲ့ပညာရှင်တွေ လာရောက် အကူ အညီပေးဖို့ ရှိတယ်” ဟု ပြောသည်။

ရောဂါပိုးရှိမရှိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းစဉ်ကာလအတွင်း မြဝတီမြို့ရှိ Quarantine Center များတွင် ခေတ္တ ထားရှိသွားမည်ဖြစ်သလို ဓါတ်ခွဲစစ်ဆေးမှု အဖြေထွက်ချိန်တွင် နေရပ်ပြန်ပို့ရန် ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် အစိုးရအချင်းချင်းချိတ်ဆက် ပို့ဆောင်သွားမည်ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်အရေးပေါ်ကာလကို ဇွန် ၃၀ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ထားပြီး ခရီးသွားလာမှုအပြင် အခြားကန့်သတ်ချက်များကြောင့် ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့် ပြည်တော်ပြန်ရန် အခက်အခဲ ရှိနေသေးသည်။

ထို့ကြောင့် နေရပ်ပြန်လိုသူများအနေဖြင့် မြန်မာသံရုံးတွင် စာရင်းပေးသွင်းပြီးမှသာ သံရုံး၏ အစီအစဉ်ဖြင့် မေ ၂၂ ရက်နေ့ ညပိုင်းမှစ၍ ဘန်ကောက်မှ တစ်ဆင့် မဲဆောက်- မြဝတီနယ်စပ်သို့ ပို့ဆောင်ပေးလျက်ရှိရာ မေ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် အလုပ်သမား စုစု ပေါင်း ၁,၇၃၁ ဦး ပြန်လည်ဝင်ရောက်လာသည်။

နောက်ပိုင်းတွင် မဲဆောက်-မြဝတီနယ်စပ်ဂိတ်အပြင် ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်နှင့် မယ်ဆိုင်-တာချီ လိတ် နယ်စပ်ဂိတ်များကပါ ပြန်လည်ပို့ဆောင်နိုင်ရန် အစိုးရက စီစဉ်ဆောင်ရွက်နေသည်။ ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လာလိုသည့် ထိုင်းရောက်မြန်မာလုပ်သား (၄)သောင်းနီးပါး ထိုင်းနိုင်ငံရှိမြန်မာသံရုံးတွင် စာရင်း ပေး ထားပြီး ၎င်းတို့ကို ဇွန် ၁ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် အစိုးရက စီစဉ် နေကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...