ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဘိန်းစာပင် ၂,ဝဝဝ ကျော်ကို ပူးပေါင်းအဖွဲ့ ရှင်းလင်း

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဘိန်းစာပင် ၂,ဝဝဝ ကျော်ကို ပူးပေါင်းအဖွဲ့ ရှင်းလင်း

စောမြတ်ဦးသာ — ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မေလ ၂ဝ ရက်နေ့က KNU-ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နယ်ခြား စောင့်တပ် (BGF)အဖွဲ့တို့ ပူးပေါင်းပြီး တောင်ဒီးကျေးရွာတွင် စိုက်ပျိုးထားသည့် ဘိန်းစာပင် (ဒေသအခေါ် မြင်းဆေးပင်) အပင်ပေါင်း ၂,ဝဝဝ ကျော်ခုတ်ထွင်မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ၎င်းပူးပေါင်းအဖွဲ့များထံမှ သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့များက သွားရောက်ခုတ်ထွင်ရှင်းလင်းသည့် ဘိန်းစာပင်များမှာ သက်တမ်း ၂ နှစ်ကျော်ရှိ ကိုင်းကူးနည်းဖြင့် စိုက်ပျိုးထားသည့် အပင်မျိုးဖြစ်ပြီး ဥယျာဉ်ခြံ ၄ ခြံထဲတွင် ရောနှောစိုက်ပျိုးထားရှိသည့်အပေါ် အရေးယူဆောင်ရွက်နိုင်ရန် အထက်ကို တင်ပြသွားမည်ဟု KNU ဝင်းရေးမြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF တာဝန်ရှိသူက ပြောသည်။

 “ဘိန်းစာရွက်ရယ်၊ မူးယစ်ဆေးဝါးတွေရယ် အမျိုးသားလုံခြုံရေးအနေနဲ့ မြို့နယ်အတွင်းမှာ ထုတ်ပြန်ကြေညာချက်တွေ ထုတ် ထားပါတယ်။  ဒီကိစ္စဟာ KNU တစ်ဖွဲ့ထဲအနေနဲ့ လေ့လာသိရှိဖို့ မလွယ်ဘူး။ မြေပုံအမှတ်နဲ့ အကြောင်းကြားလာတဲ့အပေါ် အပြန်အလှန်အသိမှတ်ပြုတဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြတာပါ” ဟု KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေက ကေ အိုင်စီသို့ ပြောသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပေါ့ပေါ့တန်တန်နေမည်ဆိုပါက ကရင်လူမျိုးများ အကျင့်စာရိတ္တပျက်သုဉ်းပြီး လူမျိုးပါ အညွန့်တုံး စေနိုင်မည်ဖြစ်ကာ တစ်ပါးလူမျိုး၏အောက်မှာသာ နိမ့်ကျရောက်သွားနိုင်မည်ဖြစ်သည့်အတွက် အထူးရှောင်ကြည်ကြရန် ပဒိုစော မောင်ရွှေက တိုက်တွန်းပြောဆိုသည်။

၎င်းဘိန်းစာပင် ၂,ဝဝဝ ကျော် လာရောက်ရှင်းလင်းမှုနှင့် ပတ်သက်ပြီး  ကြာအင်းဆိပ်ကြီးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်မှ တာဝန်ရှိသူများကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

ကရင်ပြည်နယ် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးအသင်း စေတနာ့ဝန်ထမ်း ဒုတိယဥက္ကဋ္ဌ ကိုမြတ်သူက “ ဘိန်းစာရွက်အကြောင်းကို ဒေသအတွင်း ပညာပေးလုပ်ဆောင်ခဲ့တယ်။ သူက WY မူးယစ်ဆေးနဲ့တော့ မတူပါဘူး။ သောက် ပြီးရင် ညဘက်အိပ်လို့ မရဘူး။ ကြာရင် စွဲသွားတာပဲ။ မသောက်ရဘဲ မနေနိုင်တာတွေ ဖြစ်လာတယ်။ အကျင့်စာရိတ္တတွေ ပျက်ပြားလာတာပေါ့နော်။ ရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး အယူလွဲမှား သုံးနေကြတယ်။ ဒေသအသီးသီးက တာဝန်ရှိသူ တွေနဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်” ဟု ကေအိုင်စီ သို့ပြောသည်။

မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဘိန်းစာပင်စိုက်ပျိုးမှု အများဆုံးရှိ သည်ဟု မူးယစ်ပညာပေးအဖွဲ့များထံမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် ဘိန်းစာပင်စိုက်ပျိုးမှုများကို KNU အဖွဲ့က ၂ဝ၁၄ ကော်သူးလေ မူးယစ်အထူးအက်ဥပဒေဖြင့် ၂ဝ၁၆ ခုနှစ်မှစ၍ ဖမ်းဆီးအရေးယူမှုဆောင်ရွက်လာခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...