ကုလားတန်တံတားတည်ဆောက်မူ ပြီးစီးပြီဖြစ်သော်လည်း ဖြက်သန်းသွားလာခြင်း မလုပ်ရဲကြ

ကုလားတန်တံတားတည်ဆောက်မူ ပြီးစီးပြီဖြစ်သော်လည်း ဖြက်သန်းသွားလာခြင်း မလုပ်ရဲကြ

Salai Khup Khup — ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့ ကိုဆက်သွယ်ရာတွင်လည်းကောင်း၊ မတူပီမြို့ကိုဆက်သွယ်ရာတွင် လည်းကောင်းအရေးပါသည့် ကုလားတန် မြစ်ကူးတံတားပြီး ဆုံးပြီ ဖြစ်သော်လည်း နယ်မြေမငြိမ်းချမ်း မှုကြောင့် တံတားပေါ်သို့ မည်သူမှ ဖြက်သန်းသွားလာခြင်း မရှိသေးကြောင်း သိရသည်။

ပလက်ဝမြို့ဒေသခံ တစ်ဦးက “တံတားက သွားလာလို့ရနေပြီ ။ဒါပေမဲ့ ဘယ်သူမှ မသွားလာရဲသေးဘူး လက်ရှိတိုက်ပွဲ အခြေအနေတွေအရ သွားလာဖို့ ဘယ်သူမဆိုကြောက်ကြတယ်။ ဆမီးနဲ့ပလက်ဝ သွားမဲ့ လမ်းကြောင်းကလည်း ပိတ်နေတာဆိုတော့ လုံးဝအသွားအလာ မရှိဘူးဖြစ်တယ်”ဟုပြောသည်။

ကုလားတန်မြစ်ကူးတံတားမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပြီး ကား၊ဆိုင်ကယ်များ သွားလာနိုင်ပြီ ဖြစ်သော်လည်း AAအဖွဲ့၏ သေနက်ပစ်ခက်မှုများ မြင်ရကြားရမှုများ ကြုံတွေ့ရသဖြင့် ဒေသခံမည်သူမှ အသွားလာ မလုပ်ရဲကြသေးကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “လူနာပို့တဲ့ကားတွေတော့ အလံဖြူလုပ်ပြီးတော့ လူနာကို ပလက်ဝကနေပြီးတော့ ဆမီးဖက်ကို ပို့တာမျိုးကိုတော့ တံတားပေါ်ကဖြတ်တယ် လူနာပို့တာက လွဲပြီး ဘယ်သူမှ မသွားရဲဘူး လူနာကလည်း အသည်းအသန်ဆိုတော့ မပို့လို့လည်းမရဆိုတော့ ပို့ပေးရတယ်”ဟုပြောသည်။

ကုလားတန် မြစ်ကူးတံတားကြီးကို ၂၇ ဘီလျံအကုန်ကျခံ တည်ဆောက်ထားပြီး တည်ဆောက်မူပိုင်းတွင်အနည်းငယ်သာ လုပ်ရန်သာကျန်နေသေးသောလည်း နယ်မြေမငြိမ်းချမ်းမှုကြောင့် တံတားဆောက်လုပ်ရေး အလုပ်သမား ထွက်ပြေးကုန်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “တံတားအပိုင်းတော့ တော်တော်လေးပြီးစီးနေပြီ ချဉ်းကပ်လမ်းကို ကတ္တရာလမ်း လုပ်ဖို့အတွက် ဘယ်ဖက်က ခြောက်ဖာလုံ ညာဖက်က ခြောက်ဖာလုံ တစ်မိုင်ခွဲ အဲဒါကို တိုက်ပွဲတွေဖြစ်တော့ ချဉ်းကပ်လမ်းတွေကို လာမလုပ်နိုင်ဘူးဖြစ်တယ် မြေသားလမ်းပေါ်ကနေ သွားရင် တံတားတော့ဖြတ်လို့ရတယ် တိုက်ပွဲဖြစ်တော့ အဲဒါတွေ လက်စမသက်နိုင်ဘူးဖြစ်နေတယ်”ဟုပြောသည်။

ကုလားတန်မြစ်ကူးတံတား ပြီးစီးနေပြီဖြစ်သောကြောင့် ပလက်ဝမြို့ စားနပ်ရိက္ခာ သယ်ယူ ပို့ဆောင်ရာတွင်လည်းကောင်း ပလက်မြို့ပိုမို ဖွံ့ဖြိုးတိုးတတ်လာ မည်ဖြစ်ပြီး တံတားဖွင့်ပွဲကိုလည်း နယ်မြေငြိမ်းချမ်းချိန်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...