ကချင်ပြည်နယ်က လူနာအမှတ် ၁၄၄ ၏ ပထမဆေးစစ်ချက်အဖြေ ပိုးမတွေ့

ကချင်ပြည်နယ်က လူနာအမှတ် ၁၄၄ ၏ ပထမဆေးစစ်ချက်အဖြေ ပိုးမတွေ့

မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူလျက်ရှိနေသည့် လူနာအမှတ် ၁၄၄၏ ပထမ ဆေးစစ်ချက်အဖြေ negative ဖြစ်ကြောင်း မြစ်ကြီးနားပြည်သူဆေးရုံမှ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာ နေဝင်းထံ မှ သိရသည်။

အဆိုပါ လူနာကို နောက် ၄၈နာရီ အကြာတွင် ဓာတ်ခွဲ စစ်ဆေးမှု ဒုတိယ အကြိမ်ထပ်မံ ပြုလုပ်သွားမည်ဖြစ်ပြီး ပိုးမရှိကြောင်း အဖြေထပ်မံ ထွက်ပါက ဆေးရုံမှ ဆင်းနိုင်မည် ဖြစ်ကြောင်း အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာ နေဝင်းက မြစ်ကြီးနားသတင်းဂျာနယ် သို့ ပြောသည်။

"နောက် ၄၈နာရီ ကြာရင် ထပ်စစ်ရမှာ။ လောလောဆယ်တော့ လူနာက ကောင်းနေတာဆိုတော့ negativeပဲ ထွက်ဖို့ မျှော်လင့်ရတာပေါ့နော်"ဟု သမားတော်ကြီး ဒေါက်တာနေဝင်း ကပြောသည်။

ကချင်ပြည်နယ်က ပထမဆုံး ပိုးတွေ့လူနာဖြစ်သည့် လူနာအမှတ် ၁၄၄သည် ရန်ကုန် လှိုင်သာယာ ဖိနပ်ချုပ် စက်ရုံတွင် တရုတ် စကားပြန်အဖြစ် လုပ်ကိုင်သူ ဖြစ်ပြီး ချောင်းဆိုးသည့် ရောဂါ လက္ခဏာများ ပေါ်ပေါက်လာမှုကြောင့် ဧပြီလ ၁၆ရက်နေ့တွင် ကားစင်းလုံးငှားကာ မိုးညှင်းမြို့ Facility Quarantine ထားရှိရာ မိုးညှင်းပုညရှင်စက္ခုပါလဆေးရုံသို့ ရောက်ရှိခဲ့သည်။

ဓာတ်ခွဲ အဖြေအရ ပိုးတွေ့ရှိသဖြင့် ဧပြီ ၂၅ ရက်နေ့က မိုးညှင်းဆေးရုံကြီးမှ မြစ်ကြီးနားသို့ လွှဲပြောင်း ကုသခဲ့ခြင်း ဖြစ်သည်။

လူနာအမှတ်စဉ် ၁၄၄ သည် ကချင်ပြည်နယ်တွင် တစ်ဦတည်းသော ပိုးတွေ့လူနာဖြစ်သည်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...