အိန္ဒိယနိုင်ငံ Noida မြို့တွင် ချင်းလူမျိုးအယောက် ၂၀ ခန့်သောင်တင်နေ

အိန္ဒိယနိုင်ငံ Noida မြို့တွင် ချင်းလူမျိုးအယောက် ၂၀ ခန့်သောင်တင်နေ

ရစ်ချက် — ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် အိန္ဒိယတစ်နိုင်ငံလုံးတွင် Lockdown ချထားသည့်အတွက် နယူးဒေလီမြို့အနီး တွင်တည်ရှိသော Noida မြို့တွင် အလုပ်လုပ်နေထိုင် နေကြသော ချင်းလူမျိုးလူငယ် အယောက် ၂၀ ခန့်သောင်တင်နေပြီး အကူအညီလို အပ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်တွင်တည်ရှိသည့် Noida မြို့တွင် ချင်းလူမျိုးလူငယ် အယောက် ၂၀ ခန့်သည် စားသောက်ဆိုင်များတွင်အလုပ်လုပ်ကိုင်နေကြပြီး Lockdown ကြောင့် ဆိုင်များပိတ်ထားသည့်အတွက် အလုပ်မရှိကြတော့ဘဲ နေအိမ်တစ်ခုတွင်သောင်တင်နေကြသည်ဟု နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်အရေး ဆောင်းရွက်ပေးနေသော CHRO တာဝန်ခံ Salai Cung Dawt က ပြောသည်။

“ Noida မှာ အလုပ်လုပ်နေတဲ့ ချင်းလူမျိုးလူငယ် အယောက် ၂၀ လောက်ရှိတယ်၊ ကျန်းမာရေးလည်းမကောင်းကြဘူး၊ ကျနော်တို့ကို လာခေါ်ပါဆိုပြီး ဖုန်းခဏခဏဆက်ကြတယ်။ အရင်တခေါက်ကတော့ Noida မှာရှိတဲ့ အမျိုးသမီး တယောက် မပြန်နိုင်လို့ North East police force တွေကို အကူအညီတောင်းတော့ ကားနဲ့သွားခေါ်ကြတယ်။ ယခုတခေါက်လည်း North East police force ကို အကူအညီထပ်တောင်းတယ်၊ ဒါပေမယ့် သူတို့နေတဲ့ Noida ဟာ အခြားပြည်နယ်ဖြစ်နေတော့ ဖြတ်သန်းခွင့်မပေးတော့ဘူးလို့ ပြောတယ်။ အခု Noida မှာရှိတဲ့ တာဝန်ရှိသူတွေကို စာရေးပြီး အကူအညီတောင်းခံသွားဖို့ရှိတယ်’’ ဟု Salai Cung Dawt က ပြောသည်။

COVID-19 ကြောင့် အိန္ဒိယတစ်နိုင်ငံလုံးကို မေလ ၁၇ ရက်နေ့အထိ Lockdown ထပ်တိုးလိုက်သည့်အတွက် နယူးဒေလီမြို့တွင်ရှိနေကြသည့် ချင်းဒုက္ခသည်အများစုသည်လည်း အိမ်လခမပေးနိုင်သည့်အခက်အခဲရင်ဆိုင်နေကြ ရသည်ဟု ၎င်းကဆက်ပြောသည်။

“စားဝတ်နေရေးမှာလည်း အခက်တွေ့ကြတယ်ဒါပေမယ့် လောလောဆယ်အိမ်လစာပိုင်းမှာ အခက်အခဲအတော်လေးဖြ စ်နေတယ်။ အိမ်ရှင်က အိမ်လစာတောင်းတာတွေ ရှိနေပြီ၊ မပေးနိုင်တော့ အခက်တွေ့တာပေါ့” ဟု Salai Cung Dawt ကပြောသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဒုက္ခအတိရောက်နေကြသည့် ချင်းလူမျိူးများကို မီဇိုရမ်ပြည်နယ်အစိုးရက ရူပီးငွေ (၅)သိန်း အကူအညီပေးရန်စီစဉ်ထားပြီး ယနေ့ချိန်ထိတော့ လက်ခံရရှိမှုမရှိကြသေးကြောင်းသိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...