ဟားခါးတက္ကသိုလ်တွင် ထားရှိသည့် Facility Quarantine လုပ်သူများဝင်ရောက်ပုံမှာ မမှန်ကန်ဟုဆို

ဟားခါးတက္ကသိုလ်တွင် ထားရှိသည့် Facility Quarantine လုပ်သူများဝင်ရောက်ပုံမှာ မမှန်ကန်ဟုဆို

Shing Mang — ဟားခါးတက္ကသိုလ်တွင် ထားရှိသည့် Facility Quarantine လုပ်သူများဝင်ရောက်ပုံမှာ မမှန်ကန်ဟုချင်းဝေါလ်မီဒီယာက စုံစမ်းသိရှိရပါသည်။

"၂၉ရက်နေ့က ဟားခါးတက္ကသိုလ် ထဲ စဝင်လာတဲ့သူက သူ့ဟာသူ ဆိုင်ကယ်စီးပြီးလာတယ် Positive လူနာနဲ့ ချောင်းအတူသွားခဲ့လို့ Quarantine ဝင်ဖို့လာတယ်လို့ ပြောတယ်။  ရွာထဲကို PPE ဝတ်စုံနဲ့ ပိုးသတ်ထားတဲ့ ကားနဲ့ ခေါ်တာမဟုတ်ဘူးလားဆိုတော့ ၊ သူတို့ဟာ သူတို့ ပိုးရှိလူနာနှင့် ဆက်စပ်သူ အားလုံးသွားပါ ဆိုတော့ လာခဲ့တာပါတဲ့။ ဒုတိယ တစ်ဖွဲ့ကြတော့ ဆိုင်ကယ် ၂စီး နဲ့လာတယ် ၊ Quarantine ဝင်ဖို့ ၂ယောက်ကို ဆိုင်ကယ်နဲ့လာပို့တာ သူတို့၂ယောက်ကို ချထားပြီးတော့ ဆိုင်ကယ်မောင်းတဲ့ ၂ယောက်က ပြန်သွားတယ် ဘာထူးမှာလဲ၊ ပြီးတော့ တစ်ယောက်က ရဲ နဲ့ ဆိုင်ကယ် တစ်စီးစီ နဲ့ ၂ယောက်လာတယ်၊ သားဖွား ဆရာမ တစ်ယောက်က လည်း positve လူနာ ကို ဘယ်မှ မသွားဖို့ သွားပြောဖူးတယ် ဆိုပြီး သူ့ကိုသူ သံသယရှိလို့ ဆိုင်ကယ်နဲ့ သူ့ဟာသူလာတယ်၊ ၃ဝရက်နေ့ ညနေပိုင်း ၄ခွဲလောက်မှာ နည်းနည်းအသက်ကြီးတဲ့ အသက် ၅၀ ဝန်ကျင် မိန်းမ ၂ယောက် Quarantine ဝင်ဖို့ ဆိုပြီးတော့ သူတို့ ၂ယောက် ထီးလေးအတူဆောင်းပြီးတော့ ကိုယ့် အထုတ်ကို ကိုယ်တိုင်ထမ်းပြီးတော့ လာကြတယ်၊" ဟု အမည်မဖော်လိုသူ တစ်ဦးမှ Chin World media သို့ ပြောသည်။

ဟားခါးတက္ကသိုလ်တွင် Quarantine လာပို့သူများမှာ ပြန်သွားပြီ ဖြစ်ပြီး စောင့်ကြည့်လူနာမှ Positive ဖြစ်လျှင် တစ်မြို့လုံး ကူးစက်သွားမည်ကို စိုးရိမ်နေကြောင်းလည်း ဟားခါးတက္ကသိုလ် ဆရာမ တစ်ဦးမှ လည်းပြောသည်။

ယခုဟားခါးတက္ကသိုလ်တွင် Facility Quarantine ဝင်သူ ၅၁ဦးရှိပြီး မနေ့က ဆေးစစ် မှတ်တမ်းအရ Negative ဖြစ်သော် လည်း နောက်တစ်ကြိမ် ထပ်စစ်ရန် ရှိနေသေးသည်။

"ကျွန်မတို့ ရွာကနေ ခြေကျင်နဲ့ ဟားခါးထိလာတာပါ၊သူတို့ရွာကို ကားနဲ့ လာခေါ်တုန်းက ကျွန်မတို့ တောင်ယာမှာအိပ်တော့ ရွာပြန်ရောက်မှ လူနာနဲ့ လက်နှုတ်ဆက်ခဲ့တယ် ဆိုတော့ ရွာသားတွေကလည်း ဝင်ဖို့ တိုက်တွန်းကြတော့ ဟားခါးလာခါနီးမှာလည်း ရွာက ဥက္ကဌကိုလည်း အကြောင်းကြားတယ် သူက ဟားခါးသစ်က Gate ကို ပြောပေးမယ် ပြောလို့ထွက်လာတယ်။ Quarantine လုပ်တဲ့ နေရာကို ညနေ ၅နာရီလောက်မှာ ရောက်ဖြစ်တယ်" ဟု ရွာမှ ခြေကျင်ဖြင့် လာသူမှ ပြောသည်။

ဟားခါးတက္ကသိုလ် တွင် Positvie လူနာနှင့် ထိတွေ့ခဲ့သူ ၅၁ဦးကို ဟားခါးတက္ကသိုလ်ထားရှိပြီး နိုင်ငံခြားပြန် များကို န.တ.လ ကျောင်းသို့ Quarantine လုပ်လျက်ရှိသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...