တပ်မတော် လုံခြုံရေးယူ ပေးပို့သည့် ဆန်များ မြို့ပေါ် မရောက်သေးဘဲ သောင်တင်နေ

တပ်မတော် လုံခြုံရေးယူ ပေးပို့သည့် ဆန်များ မြို့ပေါ် မရောက်သေးဘဲ သောင်တင်နေ

ချင်းပြည်နယ် ပလက်ဝမြို့သို့ တပ်မတော်က လုံခြုံရေးယူကာ ပို့ဆောင်ပေးသည့် ဆန်အိတ် ၂၀၀၀ မှာ မြို့အထိ ပို့ပေးရန် လုံခြုံမှုမရှိသဖြင့် မြို့မရောက်မီ (၇) မိုင်အကွာတွင် ထားရှိရကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိ သူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ရိက္ခာက ပလက်ဝမြို့နဲ့ (၇)မိုင်အကွာမှာတော့ ရောက်နေပြီ လုံခြုံရေးကိစ္စကြောင့် အဲဒီမှာ ရှိနေတယ် ၊ ရောက်တော့ ရောက်တော့မယ် မြို့ထဲထိတော့ မရောက်နိုင်သေးဘူး နယ်မြေ လုံခြုံမှု မရှိသေးတဲ့ အတွက်နည်းနည်း နောက်ကျသွားတယ်၊ ဒီရက်ပိုင်းတော့ ရောက်မှာပါ”ဟုဦးစိုးထက်က ပြောသည်။

ဆန်အိတ်များအပြင် အခြား စားနပ်ရိက္ခာများကို ပြည်နယ်အစိုးရ၊ အလှူရှင်များနှင့် အဖွဲ့အစည်းများက လှူဒါန်းထားသည့် ရိက္ခာများလည်း ပါဝင်သည်။

ပလက်ဝမြို့ဒေသခံ ဦးရာကျော်က “စားနပ်ရိက္ခာပို့ပေးတာလည်း ရောက်တော့မယ်လို့ သိရပေမဲ့ မရောက်သေးဘူး၊ လက်ရှိ ပလက်ဝမြို့ပေါ် စားနပ်ရိက္ခာကလည်း ကုန်သွားပြီ၊ စစ်ဘေးရှောင်တွေ မြို့ပေါ်နေပြည်သူ လူထုတွေ အတွက်ပါ စားနပ်ရိက္ခာက သိပ်မရှိသလောက် ဖြစ်သွားပြီ”ဟုပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းကလည်း စစ်ဘေးရှောင်များအတွက် ဆန်အိတ် ၁၀၀၀ လှူဒါန်းထားရာ ဆမီးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

လက်ရှိအချိန်တွင် ပလက်ဝမြို့ပေါ်နှင့် မြို့နယ်အတွင်း စစ်ဘေးရှောင် သောင်းဂဏန်းရှိပြီး လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်သည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်သည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...