ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ Quarantine စင်တာက လူအချို့ အိမ်ပြန်ခွင့်ရရှိ

ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ Quarantine စင်တာက လူအချို့ အိမ်ပြန်ခွင့်ရရှိ

မျိုးမြတ်မြတ်ပန် — ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီး  မိုင်ဆပ်ပါ Quarantine စင်တာတွင် သီးခြားထားရှိကာ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်ထားသူ ၁၈ဦးရှိသည့်အနက် ၆ ဦး အိမ်ပြန်ခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖျားနာသည့်လူနာများ Quarantine  စင်တာ နှင့် ဆေးရုံတို့တွင် ထပ်မံရောက်ရှိလာခြင်း မရှိတော့ကြောင်း လိုင်ဇာမြို့ COVID-19 ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်ဝေါမ်က ပြောသည်။

"အကုန်လုံးက သတိထားပြီးနေထိုင်ကြတာကို တွေ့ရပါတယ်” ဟု ဦးဟိန်ဝေါမ်က ဆိုသည်။

Quarantine  စင်တာတွင် သံသယလူနာ ၃ ဦးရှိပြီး ၄င်းတို့ကို လိုင်ဇာမြို့ရှိ သတ်မှတ်ထားသည့်နေရာတွင်  ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေကြောင်း၊ ၎င်းတို့တွင် COVID ရောဂါပိုး မတွေ့ရှိရကြောင်း ဦးဟိန်ဝေါမ်က ပြောသည်။

”ပထမသံသယလူနာကို ကျွန်တော်တို့ ၂၄နာရီအတွင်း ဆေးစစ်တာ Negative ဖြစ်ပြီဆိုတော့ ကျန်တဲ့သူတွေကို မစစ်တော့ဘူး။ နှစ်ခါအတည်ပြန်ပြုတော့လည်း Negative ပဲဖြစ်တော့ Negative ပဲလို့သတ်မှတ်လိုက်ပြီ”ဟု ဦးဟိန်ဝေါမ်က ပြောသည်။

သံသယလူနာများတွင် ကိုယ်ပူသည့် လက္ခဏာများမတွေ့ရတော့ကြောင်း နှင့် သတ်မှတ်ထားသည့် Quarantine  ရက်ကာလကုန်လွန်ပါက အိမ်ပြန်ခွင့်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

 

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...