တရုတ်အစိုးရက မြန်မာနိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးပြီး ပြည်တော်ပြန်ပို့

တရုတ်အစိုးရက မြန်မာနိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးပြီး ပြည်တော်ပြန်ပို့

မျိုးမြတ်မြတ်ပန် - တရုတ်အစိုးရက မြန်မာနိုင်ငံသားများကို ပြည်တော်ပြန်ပို့ရာတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်စေသည်ဟု ပြည်တော်ပြန်တစ်ဦးက ပြောသည်။

ကျန်းမာရေးစစ်ဆေးခဲ့သော်လည်း စီးနင်းရမည့် ကားများကိုမူ ပိုးသတ်ဆေးဖြန်းမထားကြောင်း ဧပြီ ၂၂ ရက်နေ့က  မြစ်ကြီးနား ကုန်တင်ကုန်စခန်းသို့ ရောက်ရှိလာသူ  ပြည်တော်ပြန် မခေါန်ဒွဲက ပြောသည်။

”သူတို့က မြန်မာနိုင်ငံကို ပြန်ပို့မယ်ပဲ ပြောတယ်။ တခြားတော့ ဘာမှ မပြောဘူး။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေလို့ ပြန်ပို့တာတော့ မပြောဘူး။ တရုတ်ပြည်ကနေ မြန်မာကိုပို့တဲ့အချိန်မှာ ကားတစ်စီးမှာ လူအယောက် ၂၀လောက်တော့စီးကြတယ်”ဟု မခေါန်ဒွဲက ဆိုသည်။

ကန်ပိုင်တည် နယ်စပ်ဂိတ်ရောက်ချိန်တွင် မြန်မာအစိုးရက ပေးသည့် စောင်၊ ခြင်ထောင်များ ရရှိခဲ့ကြောင်းလည်း မခေါန်ဒွဲက ပြောသည်။

အလားတူ ပြန်လာသူတစ်ဦးကလည်း မြန်မာသို့ ပြန်လည်ပို့ဆောင်ရာတွင် ဘတ်စ်ကားဖြင့်  တစ်ဦး နှင့် တစ်ဦး သုံးပေအကွာမှ လိုက်ပါခဲ့ရကြောင်း ပြောဆိုသည်။

”သူတို့နိုင်ငံမှာတော့ ဒီရောဂါအခြေအနေကိုတော့ ဒီလောက်ထိစိုးရိမ်စရာမလိုတော့ဘူးလို့ဆိုပြီးတော့ ပြောပါတယ်။ မတ်စ် တပ်ပြီးမှ ကိုယ်နေရာနဲ့ကိုယ် ထိုင်ရတယ်။ စကားလည်း မပြောခိုင်းဘူး” ဟု ပြောသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်သို့ ရောက်ရှိချိန်တွင် ကိုယ်အပူချိန်တိုင်းတာပေးကြောင်း၊ လမ်းခရီးတလျှောက် အခက်အခဲ မရှိကြောင်းလည်း ဆက်လက်ပြောကြားသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ခေတ္တနားနေရာ ကုန်တင်ကုန်ချ စခန်းသို့ ပြည်တော်ပြန် ၁၃၀ဝ ကျော် ရောက်ရှိခဲ့ပြီး ဖြစ်သည်။

 

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...