နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အပေါ် ကချင်လူထုအမြင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အပေါ် ကချင်လူထုအမြင်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ဧပြီ ၂၁ ရက်ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဝေဖန်မှုများစွာ ရှိနေသည်။

ယခုအချိန်သည် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် Covid-19 ကူးစက်ရောဂါကို ကာကွယ်တိုက်ဖျက်နေချိန် တိုင်းရင်းသားဒေသ ထိုးစစ်ပြုလုပ်နေမှုကို အားပေးနေသည်ဟု ပြောဆိုနေကြသည်။  ကချင်တိုင်းရင်းသားအချို့၏ သုံးသပ်ချက်များကို မေးမြန်းထားပါသည်။

သိက္ခာတော်ရ ဆရာ ခလမ်ဆမ်ဆွမ်

KBC ဥက္ကဋ္ဌ



“အခုလို ကျွန်တော်တို့တိုင်းရင်းသားတွေနေတဲ့ နေရာမှာ ဒီလို နှိပ်စက် ၊ပစ်သတ်မှုတွေကို ကောင်းကောင်း မလေ့လာဘဲ စစ်ပွဲဖြစ်နေမှုအပေါ် ချီးကျူးဂုဏ်ပြုတယ် ဆိုတာ သူကသဘောတူပါဝင်ပေးတဲ့ဘက် ဖြစ်လာတယ်။ ပြည်သူတွေ မဲပေးတယ်ဆိုတာ စစ်အုပ်ချုပ်ရေးကို အလိုမရှိလို့ ပေးတာဟုတ်တယ်။ အခုသူက ဒီလို မြောက်ပေးတယ်ဆိုတာ သူ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကောင်းတဲ့ဘက်ကို ရောက်ဖို့ရန်တော့ ခက်ခဲလိမ့်မယ်လို့ ယူဆတယ်”

ဒူဝါ ကွမ်ကရောင်အောင်ခမ်း

Kachin State People’s Party ဒု ဥက္ကဋ္ဌ

ဒီအချိန်က ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို လုပ်ရမှာ။ အခုလိုစာထုတ်တာတွေ့ရတော့ ကျနော်တို့လည်း အရမ်းအံ့သြတယ်။ ငြိမ်းချမ်းရေးကမလုပ်။ အခုဆို ကပ်ရောဂါကြောင့် ဘယ်အချိန် ဘာဖြစ်မလဲဆိုပြီး ရောဂါကာကွယ်ရေးတွေ လုပ်နေရတာ။ အခုလိုတွေ့ရတော့ မလုပ်သင့်တဲ့အရာလည်း ဖြစ်တယ်။”

ကိုစာဂျီ

Kachin Development Networking Group

“အကြမ်းဖက်ဟုတ် မဟုတ်ဆိုတာ လူထုက သိပါတယ်။ ကိုယ့်လူမျိုးမတူတဲ့သူတွေကို အမျိုးမတူ ကိုယ့်ရန်သူ ဒို့ရန်သူ ဆိုတဲ့ နည်းနဲ့ မျက်စိပိတ်လုပ်တာက အထင်သေးတဲ့သဘောဖြစ်တယ်။ ကိုယ့်ယုံကြည်ချက်နှင့်ကိုယ် AA သာမက အခြားဘယ်တိုင်းရင်းသားမဆို ကိုယ့်လူမျိုးတွေအတွက် ရပ်တည်နေမှုသာဖြစ်တယ်။ လူမျိုးမတူ၊ ခံယူချက်မတူ၊ နိုင်ငံရေးဖြေရှင်းချက်မပေးဘဲ ရန်သူ၊ အကြမ်းဖက်တွေဆိုပြီး ရခိုင်တစ်ခုသာ မဟုတ်ဘဲအားလုံးကို ဒီလိုဘဲ ခေါ်တဲ့သဘောဖြစ်တယ်။”

ဆရာမ ဒေါ်ခေါန်ဂျာ

Kachin Peace Network

“ခုလိုအချိန်မှာ ဘယ်စစ်တပ်မဆို စစ်ပွဲတွေ ရပ်ဆိုင်းပြီး Covid-19 ရောဂါကိုအားလုံးပူးပေါင်း ကူညီပြီး ကာကွယ်ရမယ့်အချိန်ဖြစ်တယ်။ ဒီလိုစစ်ပွဲတွေကြောင့် နှစ်နာဆုံးရှုံးရတဲ့ ပြည်သူတွေဘက် ရပ်တည်ပြီး စစ်ပွဲငြိမ်းအောင် ပြောရမဲ့အစား လုပ်သင့်တဲ့ဘက်ကို လက်တွေ့မလုပ်ဘဲ တစ်ဖက်ကို စစ်ဖြစ်အောင် နှိုးဆော်အားပေးနေသလို ဖြစ်တဲ့အတွက် အဆင်မပြေဘူးလို့ ပြောချင်တယ်”

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...