ဖားကန့်မြို့နယ်တွင် ပြည်တော်ပြန် များအတွက် Facility Quarantine ထားရှိရန် ပြင်ဆင်

ဖားကန့်မြို့နယ်တွင် ပြည်တော်ပြန် များအတွက် Facility Quarantine ထားရှိရန် ပြင်ဆင်

တရုတ်နိုင်ငံကနေ ဖားကန့်ကို ပြန်လည်ရောက်ရှိလာမယ့် နိုင်ငံသားတွေကို Facility Quarantine ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးက သိရပါတယ် ။

တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေပြီး အကြောင်းအမျိုးမြိုးကွငျေ့ ဖားကနျ့ကို ပွနျလညျရောကျရှိလာမယ့် ပြည်သူတွေကို ၎င်းတို့ရဲ့ နေအိမ်‌ေတွဆီ တိုက်ရိုက်မပြန်ခိုင်းပဲ ၂၁ ရက် Facility Quarantine ပြုလုပ်ထားပြီးမှသာ နေအိမ်ကို ပြန်ခွင့်ပြုမယ်လို့ ဖားကန့်မြို့နယ် ထွေအုပ်ရုံးက ဆိုပါတယ် ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် အတွင်းမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အစိုးရက မြန်မာပြည်သို့ ပြန်လည်စေလွှတ်ခဲ့တာဖြစ်ပြီး ၊ မြန်မာနိုင်ငံ ကချင်ပြည်နယ် အစိုးရက တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်တဲ့ လွယ်ဂျယ်ဂိတ်ကနေ ဧပြီလ ၁၆ ရက်နေ့ကစတင်ပြီး ပြန်လည် လက်ခံပေးနေတာ ဖြစ်ပါတယ် ။

ပြန်လည်ဝင်ရောက်လာမဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ကချင်ပြည်နယ် အစိုးရရဲ့ ကနဦး ထုတ်ပြန်ချက်တွေအရ ပြန်လည်ဝင်ရောက်လာမယ့် ဦးရေဟာ တစ်သောင်းရှစ်ထောင်ခန့် ရှိတယ် လို့ သိရပါတယ်။

လက်ရှိလူဦးရေကို အတည်ပြု၍မရနိုင်သေးပဲ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း ဆိုပါတယ် ။ ပြန်လည်ဝင်ရောက်လာမည့် လူဦးရေး တစ်သောင်းကျော်ထဲက ဖားကန့်ကို ဝင်ရောက်လာမည့်ဦးရေဟာ ရှစ်ရာကျော် ရှိတယ်လို့ ဖားကန့်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးက ဆိုပါတယ် ။

" လောလောဆယ် ပြန်ရောက်လာမယ့် သူက ရှစ်ရာကျော်လို့တော့ သိရတယ် ။အတည်တော့မဖြစ်သေးဘူး ။ ဖားကနျ့ကိုတော့ (၂၄)ဦးတော့ ရောကျနပွေီ ။ သူတို့ကို Facility Quarantine ဝငျခိုငျးထားတယျ " လို့ ဖားကန့်မြို့နယ် ဒု -အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း (၁၈)ရွာက နေရာပေါင်း (၂၂)နေရာမှာ အဆောက်ဦး (၃ဝ) ကျော်ကို ပြည်တော်ပြန်များအတွက် Facility Quarantine ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ဒု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ် ။

တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာမယ့် ဦးရေဟာ ရှစ်ရာကျော်ဆိုပမေယျ့ ပွငျဆငျထားတဲ့ အဆောကျဦး (၃ဝ) ကြောျက အဆောငျတှမှော လူတစျထောငျကြောျကို COMMUNITY BASED Facility Quarantine တစျံပွိုငျတညျး ထားရှိနိုငျတယျလို့ သိရပါတယ် ။

ခုလိုမျိုး ပြည်တော်ပြန်တွေကို မိမိတို့ရဲ့နေအိမ်တွေဆီ တိုက်ရိုက်ပြန်ခွင့် မပြုတာဟာ ကမ္ဘာကူးစက်ရောဂါ ပြန်ပွားမှုကို ထိန်းချုပ်တဲ့အနနေဲ့ Facility Quarantine ဆောငျရှကျရတာလို့ ဆိုပါတယ် ။

ကိုရိုနာ ဗိုင်းရပ်စ် Covid-19 ရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ယခုအခါ ထိုရောဂါပိုးဟာ ကမ္ဘာ့နိုင်ငံပေါင်း များစွာကို ကူးစက်ပျံ့နှံ့နခေဲ့ပွီ ဖွစျပါတယျ ။ ကမ်ဘာ့ကနြျးမာရေး အဖွဲ့ WHO က ကမ္ဘာ့ ကပ်ရော Pandamic အဖြစ်ကြေငြာ ထားပြီး ဖြစ်ပါတယ် ။ကမ္ဘာတဝှမ်းလုံး ကူးစက်ခံရသူပေါင်း ဧပြီလ 18 ရက်နေ့အထိ ၂သန်း ၃သိန်းကျော်ရှိပြီး သေဆုံးသူပေါင်း တသိန်းခွဲကျော် ရှိပြီ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာတော့ ဧပြီလ 19 ရက်နေ့အထိ ကူးစက်ခံရသူ (၁ဝ၇)ဦး ၊ သေဆုံးသူ ( ၅)ဦး ၊ ပြန်သက်သာသူ ( ၅)ဦးနဲ့ စောင့်ကြည့်ခံရသူ ( ၁၈၇၈ )ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ် ။

ဇော်မိုးထက် (ဖားကန့် )

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...