COVID-19 ရောဂါ ကာကွယ်ရေးလုပ်ဆောင်ရန် ကမ္ဘာ့ဘဏ်က မြန်မာကို ကန်ဒေါ်လာ သန်း ၅၀ ချေးမည်

COVID-19 ရောဂါ ကာကွယ်ရေးလုပ်ဆောင်ရန် ကမ္ဘာ့ဘဏ်က မြန်မာကို ကန်ဒေါ်လာ သန်း ၅၀ ချေးမည်

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံတွင် ဆောင်ရွက်နိုင်ရန်ကန်ဒေါ်လာ သန်း ၅၀ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဧပြီ ၂၀ တွင် သတင်းထုတ်ပြန်လိုက်သည်။

ယခုချေးငွေသည် ကမ္ဘာ့ဘဏ် (World Bank) က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်ရောဂါ အရေးပေါ်ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ချမှတ်သည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအကူအညီဖြင့် မြန်မာနိုင်ငံအတွင်း အလျင်အမြန် ကူးစက်ပြန့်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ထပ်လောင်းအားဖြည့်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့၏ နိုင်ငံဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ မာရီယန်ရှာမန်က “ဒီအစီအစဉ်ကနေ ရောဂါပြန့်ပွားမှုကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ် ပိုမိုပေးအပ်နိုင်မှာဖြစ်တဲ့အပြင် ရောဂါကူးစက်ခံရသူတွေ၊ ရောဂါ ပြင်းထန်စွာခံစားရသူတွေ ပြန်လည်သက်သာလာစေဖို့နဲ့ သေဆုံးမှုနှုန်းကို လျှော့ချနိုင်ဖို့ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားထားသည်။

ဤစီမံကိန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့် ဆေးရုံ (၈) ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရှိ ဆေးရုံ (၄၃) ရုံပါဝင်မည်ဖြစ်သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...