ဖားကန့် မြေစာပုံပြိုကျမှု လူ ၁၀ ဦးခန့် သေဆုံးနိုင်

ဖားကန့် မြေစာပုံပြိုကျမှု လူ ၁၀ ဦးခန့် သေဆုံးနိုင်

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဧပြီ ၂၀ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျမှုကြောင့်လူ ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေ့ နံနက် ၅ နာရီခန့်တွင် အေးမြသာယာရပ်ကွက် ဗလခကျေးရွာအနီး ပိုင်ဖြိုးသီဟ အမည်ရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွင် မြေစာပုံပြိုကျလာပြီး ရေမဆေးသမားများ ၁၀ဦးခန့် ပါသွားသည်ဟု ဖားကန့်ဒေသခံ ဦးနောင်လတ်က KNG သတင်းဌာနသို့ ပြောဆိုခဲ့သည်။

“အခုမြေစာပုံပြိုကျတဲ့ နေရာက အနီးတဝိုက်ရှိတဲ့ ကုမ္ပဏီတွေ စွန်ပစ်နေတဲ့ မြေစာပုံကြီးဖြစ်တယ်။ အဲ့တော့ မနက် ၄နာရီအချိန်မှာက ရေမဆေးသမားတွေ ကျောက်ဝင်ရှာနေတော့ အဲ့မြေစာပုံက ပြိုကျသွားတာဖြစ်တယ်” ဟု ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များက အလောင်းရှာဖွေရေး ဆက်လက်ဆောင်ရွက်နေပြီး လက်ရှိတွင် သေဆုံးသူတစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သူက ဆက်လက်ပြောသည်။

တွေ့ရှိထားသည့် သေဆုံးသူမှာ အသက် ၂၂ အရွယ်ခန့်ရှိပြီး လက်ရှိ ဖားကန့်မှော်မော်လယန်တွင်နေထိုင်ပြီး နေရပ်ဇာတိမှာ မိုးကောင်းမြို့ကျွန်းတောရပ်ကွက်မှ ဖြစ်သည်ဟု သိရသည်။

လက်ရှိပြိုကျသွားသည့် မြေစာပုံမှာ မြန်မာသူရ၊ ယူနတီနှင့် ပိုင်ဖြိုးသီဟ စသော ကျောက်စိမ်း တူးဖော်သည့် ကုမ္ပဏီများ၏ စုပေါင်းစွန့်ပစ် မြေစာပုံကြီး ဖြစ်ပြီး ပေ ၁၅၀ ခန့်နက် တွင်း ဖြစ်ကြောင်း ဦးနောင်လတ်ထံမှ သိရသည်။

June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...
June 8, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့...
June 6, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်တဲ့...