အေအေက အရပ်သားများကို တိတ်တဆိတ် ဖမ်းခေါ်၊ စစ်ဘေးရှောင်အရေး ဆောင်ရွက်သူများကိုလည်း ခြိမ်းခြောက်ဟု KACC ထုတ်ပြန်

အေအေက အရပ်သားများကို တိတ်တဆိတ် ဖမ်းခေါ်၊ စစ်ဘေးရှောင်အရေး ဆောင်ရွက်သူများကိုလည်း ခြိမ်းခြောက်ဟု KACC ထုတ်ပြန်

Salai Khup Khup - ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ အရပ်သားများကို အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့က ညဘက်တွင် တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်သွားရန် ကြိုးစားအားထုတ်မှု ရှိခဲ့ကြောင်း ခူမီး ချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ယင်းအပြင် စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးသူများကို ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်လည်း ပါဝင်သည်။

KACC မှ ညှိနှိုင်းရေးမှူး ဦစောမြက “အခု ထုတ်ပြန်ချက် ထုတ်ရတာက ခုလက်ရှိ မြေပြင်မှာ ဖြစ်ပွားနေတာကို နှစ်ဖက်အဖွဲ့အစည်းတွေ သိရှိဖို့၊ အဓိကတော့ တာဝန်ရှိခေါင်းဆောင်တွေ သိရှိစေဖို့နဲ့ အများပြည်သူ သိရှိဖို့ ဖြစ်တယ်”ဟု ပြောသည်။

ပလက်ဝမြို့ မြို့သစ်ရပ်ကွက်နေ ဦးအောင်ပ၊ ဦးလင်းဗန်တို့ကို ဧပြီ ၁၀ ရက်၊ မြို့နယ်စည်ပင်သာရေးကော်မတီဝင် ဦးမြင့်မောင်ကို ဧပြီ ၁၂ရက်နေ့များတွင် အေအေက ဖမ်းဆီးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းအနေဖြင့် မတရား ဖမ်းဆီး ထားသူများအား အမြန်ဆုံးလွှတ်ပေးရန်၊ စစ်ဘေးရှောင်များအရေး စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးခြင်းများကို ဝိုင်းဝန်းကူညီပေးရန်လည်း လက်နက်ကိုင် နှစ်ဖက်အဖွဲ့ထံ တောင်းဆိုထားသည်။

ယခုအခါ နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာသူ ၃၇၀၀ နီးပါး ပလက်ဝမြို့ပေါ်သို့ ရောက်ရှိနေကြောင်း၊ ၎င်းတို့အတွက် ဆန်အပါအဝင် ရိက္ခာနှင့် ယာယီတဲ ဆောက်လုပ်ပစ္စည်းများ အချိန်မီ ရောက်ရှိနိုင်ရေး အပူတပြင်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်ပါ ဖော်ပြချက်များအရ သိရသည်။

Most read this week

April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...
Photo Crd
April 24, 2024
မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို...
April 20, 2024
မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းကို Northern Brothers People’s Defense Forces အဖွဲ့က ဒီနေ့ ဧပြီလ...